မွန်ပြည်နယ်ဦးစီးမှူးသည် ဆီလုပ်ငန်းရှင်များနှင့်‌တွေ့ဆုံ

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် ( ၂-၁၂-၂၀၂၃) ရက်နေ့တွင် မွန်ပြည်နယ်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းနှင့်တွေ့ဆုံ၍ မွန်ပြည်နယ်အတွက်ခွဲဝေရရှိသည့် စားအုန်းဆီများကို မြို့နယ် (၁၀) မြို့နယ်သို့ လူဦးရေအချိုးအစားအလိုက် ဖြန့်ခွဲရောင်းချမည့်ကိစ္စရပ်နှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့သည်။

  ထိုသို့‌ တွေ့ဆုံဆွေးနွေးရာတွင် မွန်ပြည်နယ်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းနှင့်တွေ့ဆုံ၍ စားအုန်းဆီဖြန့်ဖြူးရာတွင် လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်(မူကြမ်း)နှင့် စပ်လျဉ်း၍လည်းကောင်း၊ မွန်ပြည်နယ်အတွင်း မြို့နယ် (၁၀) မြို့နယ်သို့ဖြန့်ခွဲရောင်းချရာတွင် လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍လည်းကောင်း၊ မြို့နယ်အလိုက် ဆိုင်တင်ရောင်းချမည့် ဆိုင်များစာရင်းတင်ပြရန်ကိစ္စနှင့်စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(မွန်)