မုံရွာမြို့၊ ချင်းတွင်းရတနာဈေးအတွင်းရောင်းချနေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများအခြေအနေ

Powered by Drupal

   စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ဈေးများတွင် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(ပထမပတ်)အတွင်း၌ ရွှေဘိုပေါ်ဆန်း (တစ်အိတ်)လျှင် ၁၂၅,၀၀၀ကျပ်၊  ဧရာမင်း(ဆန်)(တစ်အိတ်)လျှင် ၁၄၅,၀၀၀ကျပ်၊ ဧည့်မထ ဆန် (တစ်အိတ်)လျှင် ၁၀၅,၀၀၀ကျပ်၊ ပဲဆီ(တစ်ပိဿာ)လျှင် ၁၂၅၀၀ကျပ်၊ နှမ်းဆီ (တစ်ပိဿာ) လျှင် ၁၂၅၀၀ကျပ်၊ နေကြာဆီ(တစ်ပိဿာ)လျှင် ၁၂၅၀၀ကျပ်၊ စားအုန်းဆီ (တစ်ပိဿာ) လျှင် ၅၅၀၀ကျပ်၊ ဆား(တစ်ပိဿာ)လျှင် ၆၀၀ကျပ်မှ ၇၀၀ကျပ်၊ ငရုတ်ခြောက် (တစ်ပိဿာ) လျှင် ၁၃၀၀၀ကျပ်မှ ၁၄၀၀၀ ကျပ်၊ ကြက်သွန်နီ (တစ်ပိဿာ) လျှင် ၃၀၀၀ကျပ်မှ ၃၂၀၀ကျပ်၊ ကြက်သွန်ဖြူ (ရှမ်းစ) (တစ်ပိဿာ)လျှင် ၁၂၀၀၀ကျပ်မှ ၁၂၀၀၀ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) (တစ်ပိဿာ)လျှင် ၁၄၅၀၀ကျပ်မှ ၁၅၀၀၀ကျပ်၊ အာလူး (တစ်ပိဿာ)လျှင် ၃၂၀၀ကျပ်မှ ၃၅၀၀ကျပ်၊ မန်ကျည်းသီးမှည့် (တစ်ပိဿာ) လျှင် ၃၂၀၀ကျပ်မှ ၃၅၀၀ကျပ်၊ နနွင်းတက် (တစ်ပိဿာ) လျှင် ၉၂၀၀ကျပ်မှ ၉၅၀၀ကျပ်၊ ခရမ်းချဉ်သီး (တစ်ပိဿာ)လျှင် ၂၀၀၀ကျပ်၊ ဂေါ်ဖီထုပ် (တစ်ထုပ်) လျှင် ၁၀၀၀ကျပ်၊ ပဲသီး(ပဲထောင့်ရှည်)(တစ်စည်း)လျှင် ၆၀၀ကျပ်၊ ကြက်သား (တစ်ပိဿာ) လျှင် ၁၀၀၀၀ကျပ်မှ ၁၁၀၀၀ကျပ်၊ ဝက်သား (တစ်ပိဿာ)လျှင် ၁၈၀၀၀ကျပ်မှ ၁၉၀၀၀ကျပ်၊ အမဲသား (တစ်ပိဿာ) လျှင် ၁၆၀၀၀ကျပ်မှ ၁၇၀၀၀ကျပ်၊ ဆိတ်သား(တစ်ပိဿာ)လျှင် ၂၀၀၀၀ကျပ်မှ ၂၂၀၀၀ကျပ်၊ ငါးမြစ်ချင်း (တစ်ပိဿာ) လျှင် ၁၁၀၀၀ကျပ်မှ ၁၂၀၀၀ကျပ်၊ ကြက်ဥ (၁)လုံးလျှင် ၂၅၀ကျပ်၊ ဘဲဥ (၁)လုံးလျှင် ၃၅၀ ကျပ်၊ ဖရဲသီး (ကျောက်စိမ်း) (၁)လုံးလျှင် ၁၅၀၀ကျပ်မှ ၂၀၀၀ကျပ်၊ ဖရဲသီး (၂၁၁) (၁)လုံးလျှင် (၁၀၀၀-၃၀၀၀) ကျပ်အတွင်း စသည်ဖြင့် ဈေးနှုန်းအသီသီးရှိကြောင်းသိရသည်။

  ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက အခြေခံစားသောက်ကုန်များဖြစ်သည့် အမဲသားဈေးနှုန်းအနည်းငယ်တက်နေပြီး  စားအုန်းဆီဈေးနှုန်းများမှာ ရည်ညွှန်းဈေးပေါ်မူတည်၍ ဈေးနှုန်းအပြောင်းအလဲရှိကြောင်း ချင်းတွင်းရတနာဈေးရှိ လက်လီ/ လက်ကား ရောင်းဝယ်ဖောက်ကားရောင်းချနေသော ကုန်သည်များထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)