မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး၊ မော်လမြိုင်ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ၈ရက်နေ့၊ နေ့လယ် (၁၃း၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စိုက်ပျိုးရေးဦးစီးဌာနရုံးရှိ အရာထမ်း၊ အမှုထမ်း(၆၀)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲဆွေးနွေးခဲ့ပါသည်။
အဆိုပါ ဟောပြောပွဲတွင် ဒုတိယပြည်နယ်ဦးစီးမှူး ဒေါ်မိရင်စနိုင်းမွန်က စားသုံးသူများတိုင်ကြားနိုင်သည့်နည်းလမ်းများ၊ ဖြေရှင်းဆောင်ရွက်ပုံအဆင့်ဆင့်၊ အွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးခြင်း၊ မော်လမြိုင်ခရိုင်ဦးစီးမှူး ဒေါ်ဝါဝါမြိုင်က စားသုံးသူကာကွယ်ရေးဥပဒေ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာပြဋ္ဌာန်းချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ မိတ်ဖက်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်မှုအခြေနေများအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ဟောပြောဆွေးနွေးပွဲသို့တက်ရောက်လာသော ဝန်ထမ်းများက သိလိုသည်များမေးမြန်းခြင်း၊ ပြန်လည်ဖြေကြားပေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(မွန်)