ချောင်းဆုံမြို့နယ်၌ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အသိပညာပေး (Talk Show) ပြုလုပ်

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ချောင်းဆုံမြို့နယ်တာဝန်ခံနှင့် ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည်  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းဆိုင်ရာအသိပညာပေး (Talk Show)ကို (၈-၁၂-၂၀၂၃) ရက်နေ့တွင် ချောင်းဆုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

     ဆွေးနွေးပွဲတွင် ချောင်းဆုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိသူဇာက Talk Show အစီအစဉ်ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်ကိုရှင်းလင်းခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး၊ အငယ်တန်းစာရေး ဒေါ်ယွန်းမီမီဖူးဝေက စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈) ၌ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းတွင် ပါဝင်ရမည့်အချက်များ၊ စားသုံးသူများအနေဖြင့် ကုန်ပစ္စည်းများရွေးချယ်ဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားကို ပထမဦးစွာဖတ်ရှုပြီးမှသာ ဝယ်ယူသင့်ကြောင်းနှင့် စားသုံးသူများနစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နေရာနှင့်နည်းလမ်းများ၊ Consumer Call Center အကြောင်းကို ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)