ချောင်းဆုံမြို့၊ အမှတ် (၂) မြို့မဈေး၌ အသင့်သောက်အချိုရည်အမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ ချောင်းဆုံမြို့နယ်တာဝန်ခံနှင့် ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၈-၁၂-၂၀၂၃) ရက်နေ့၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည် ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ချောင်းဆုံမြို့၊ အမှတ် (၂) ဈေးကြီး၌ အသင့်သောက်အချိုရည်အမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး ရောင်းချနေသောအသင့်သောက်အချိုရည်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြခြင်းရှိ/မရှိစစ်ဆေးခြင်း၊ သတ်မှတ်စံချိန်စံညွှန်းနှင့် ကိုက်ညီမှုမရှိသော၊ စားသုံးသူများကို ဘေးအန္တရာယ်ဖြစ်စေနိုင်သော အသင့်သောက်အချိုရည်များကို ဈေးကွက်အတွင်း ရောင်းချမှုရှိ/မရှိစစ်ဆေးခဲ့ရာ ဘေးအန္တရာယ်ကင်းသော အသင့်သောက်အချိုရည်များကိုသာ ဈေးကွက်အတွင်း တင်သွင်းရောင်းချနေကြောင်းသိရှိရပြီး စားသုံးသူများဘေးအန္တရာယ်ကင်းစေရေး ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချစေရန်အတွက် အသိပညာပေးဆွေးနွေး၍ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့် အချက်များနှင့်ပတ်သက်သည့် အသိပညာပေးလက်ကမ်းစာစောင်များပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)