ချောက်မြို့၊ အမှတ်(၃)အခြေခံပညာမူလတန်းလွန်ကျောင်း(ပြည်တော်သာ)၌ အသိပညာပေးဟောပြောပွဲကျင်းပ

Powered by Drupal

  မကွေးတိုင်းဒေသကြီး၊ ‌ချောက်ခရိုင်၊ ချောက်မြို့၊ အမှတ်(၃)အခြေခံပညာမူလတန်းလွန်ကျောင်း (ပြည်တော်သာ) ၌ (၆-၁၂-၂၀၂၃)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ဌာနဆိုင်ရာများစုပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအား ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

   ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သိမ့်ဝါက“စာရိတ္တမဏ္ဍိုင် ကြံ့ခိုင်ပါစေ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးက “သုံးစွဲရန်မသင့်သောဆေးဝါးများနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်သည့်ပစ္စည်းများအား ဝယ်ယူသုံးစွဲတတ်စေရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဒုတိယလက်ထောက်ဦးစီးမှူး ဒေါ်ညိမ်းညိမ်းအေးက “ရေချိုသယံဇာတအကြောင်းသိကောင်းစရာ” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးပြောကြားခဲ့ကြသည်။

 ထို့နောက် လူငယ်ရေးရာအသိပညာပေး‌ဟောပြောပွဲသို့ တက်ရောက်‌ဟောပြောခဲ့သည့် ဌာနဆိုင်ရာတာဝန်ရှိသူများအား ကျောင်းအုပ်ဆရာမကြီး ဒေါ်ဇင်မိုးက ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ ၎င်းနောက် ဟောပြောပွဲတက်ရောက်လာသည့် ကျောင်သား/ ကျောင်သူများအား သက်ဆိုင်ရာဌာနအလိုက် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။ အဆိုပါ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ ဆရာမ၊ ကျောင်းသား/ ကျောင်းသူစုစုပေါင်း (၅၆)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

  ဆက်လက်၍ မူလတန်းအဆင့် ကျောင်းသား/ ကျောင်းသူများအား မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ အစားအသေက်ဆိုးဆေးအကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ငလျင်ဘေးအန္တရာယ်အကြောင်းကိုလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မိတ္တဗလနှင့် မိတ်ဆွေကျင့်ဝတ်အကြောင်းသိကောင်းစရာများကိုလည်းကောင်း အသီးသီးဟောပြောခဲ့ကြပြီး  ကလေးများအား ပုံပြင်ပြောပြခြင်းအစီအစဉ်များလည်း ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)