စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၌ ကွမ်းကို မိမိတို့အိမ်ခြံဝင်းအတွင်း တစ်နိုင်တပိုင်အနေဖြင့် လည်းကောင်း၊ အပိုဝင်ငွေရရှိရန်အတွက်လည်းကောင်း စိုက်ပျိုးကြကြောင်း၊ ကွမ်းကို ဆောင်းစိုက်နှင့် မိုးစိုက်ဟူ၍ နှစ်မျိုး ခွဲစိုက်ပျိုးကြရာ မိုးစိုက်သည် ပိုးကျလွယ်သည့်အတွက် အနည်းငယ်သာ စိုက်ပျိုးကြပြီး ဆောင်းစိုက်ကိုသာ ပိုမိုစိုက်ပျိုးကြကြောင်း သိရသည်။
မုံရွာမြို့နယ်၌ ကွမ်းဈေးနှုန်းမှာ နိုဝင်ဘာလတွင် ကွမ်းတစ်ပိဿာလျှင် ငွေကျပ် ၅၀၀၀- ၆၅၀၀ ဈေးနှုန်းရရှိပြီး ဒီဇင်ဘာလ(ဒုတိယပတ်)တွင် အရည်အသွေးအပေါ် မူတည်၍ ကွမ်းတစ်ပိဿာလျှင် ငွေကျပ် ၉၀၀၀-၁၀၀၀၀ နှုန်းဖြင့်ရောင်းချရကြောင်း၊ ဆောင်းရာသီတွင် ကွမ်းအထွက်နှုန်းလျော့ပြီး ဈေးကွက်အတွင်း ကုန်ဝင်ရောက်မှုနည်းကာ ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း ကွမ်းစိုက်တောင်သူများ တောင်သူများထံမှ သိရသည်။
DOCA(စစ်ကိုင်း)