Main menu

မုံရွာမြို့နယ် ကွမ်းဈေးနှုန်းမြင့်တက်လျက်ရှိ

Powered by Drupal

   စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၌ ကွမ်းကို မိမိတို့အိမ်ခြံဝင်းအတွင်း တစ်နိုင်တပိုင်အနေဖြင့် လည်းကောင်း၊ အပိုဝင်ငွေရရှိရန်အတွက်လည်းကောင်း စိုက်ပျိုးကြကြောင်း၊ ကွမ်းကို ဆောင်းစိုက်နှင့် မိုးစိုက်ဟူ၍ နှစ်မျိုး ခွဲစိုက်ပျိုးကြရာ မိုးစိုက်သည် ပိုးကျလွယ်သည့်အတွက် အနည်းငယ်သာ စိုက်ပျိုးကြပြီး ဆောင်းစိုက်ကိုသာ ပိုမိုစိုက်ပျိုးကြကြောင်း သိရသည်။

    မုံရွာမြို့နယ်၌ ကွမ်းဈေးနှုန်းမှာ နိုဝင်ဘာလတွင် ကွမ်းတစ်ပိဿာလျှင် ငွေကျပ် ၅၀၀၀- ၆၅၀၀ ဈေးနှုန်းရရှိပြီး ဒီဇင်ဘာလ(ဒုတိယပတ်)တွင် အရည်အသွေးအပေါ် မူတည်၍ ကွမ်းတစ်ပိဿာလျှင် ငွေကျပ် ၉၀၀၀-၁၀၀၀၀ နှုန်းဖြင့်ရောင်းချရကြောင်း၊ ဆောင်းရာသီတွင် ကွမ်းအထွက်နှုန်းလျော့ပြီး ဈေးကွက်အတွင်း ကုန်ဝင်ရောက်မှုနည်းကာ  ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း ကွမ်းစိုက်တောင်သူများ တောင်သူများထံမှ သိရသည်။

DOCA(စစ်ကိုင်း)