ဗန်းမော်ခရိုင်၌ စားသုံးသူပြည်သူများအား အသိပညာပေးTalk Show ပြုလုပ်

Powered by Drupal

   ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ဦးစီးမှူး ဒေါ်နှောင်းနှောင်းဝင်းသည် ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူပေါင်း၍ စားသုံးသူကာကွယ်ရေးအသိ ပညာပေး Talk Show ကို (၈-၁၂-၂၀၂၃) ရက်နေ့တွင် လူထုဗဟိုပြုဌာန Community Center ခန်းမ၌ကျင်းပပြုလုပ်ခဲ့ပါသည်။

    အဆိုပါဆွေးနွေးပွဲတွင် ဗန်းမော်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက Talk Show ကျင်းပရခြင်း၏ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ဦးစီးမှူး ဒေါ်နှောင်းနှောင်းဝင်းက စားသုံးသူရေးရာဦးစီးဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များနှင့် ဌာန၏လက်ရှိဆောင်ရွက်နေသောလုပ်ငန်းများ၊ ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၉)ပါ စားသုံးသူ၏အခွင့်အရေး(၈)ချက်နှင့် တာဝန်(၄)ချက်ကိုလည်းကောင်း၊ အခန်း (၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ သိသာထင်ရှားစွာဖော်ပြရမည့်အချက်များ၊  ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ကုန်စည်အမျိုးအစားအလိုက် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြရမည့်အချက်များ၊ စားသုံးသူများနစ်နာဆုံးရှုံးမှုဖြစ်ခဲ့လျှင် တိုင်ကြားနိုင်မည့်သူများနှင့်တိုင်ကြားနိုင်မည့်နည်းလမ်းများကိုရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ကချင်)