ပြည်ပဲစင်းငုံသစ်ဈေးကွက်သို့ ဝင်ရောက်မှုမရှိသော်လည်း လက်ကျန်ပဲအရောင်းအဝယ်ဖြစ်

Powered by Drupal

    ပြည်ပဲဈေးကွက်သို့ ဆောင်းပဲသစ်အချို့ဝင်ရောက်လာပြီဖြစ်ပါသည်။ သို့သော်လည်း ပဲစင်းငုံ အသစ်များကတော့ ဝင်ရောက်ခြင်းမရှိသေးဘဲ လက်ကျန်ပဲအနည်းငယ် ရန်ကုန်ဝယ်လက်ရှိမှုအပေါ် ရောင်းချမှုရှိကြပါသည်။ ဒါ့ကြောင့်အရောင်းအဝယ်နေ့စဉ်မဖြစ်ဘဲ ရက်ခြားသာရောင်းဝယ်မှုရှိပြီး အရောင်းအဝယ်ဖြစ်မှုပမာဏမှာတော့ အိတ် ၂၀၀/၃၀၀‌ ကျော်ရောင်းချမှုရှိခဲ့ပါသည်။ ပဲဈေးမှာ တစ်တင်း ၉၂၀၀၀ကျပ်မှ ၉၃၀၀၀ကျပ်အတွင်းရရှိခဲ့ကာ ပဲဈေးကွက်မှာ ဈေးကောင်းဝင်တဲ့သီးနှံ တစ်မျိုးဖြစ်ခဲ့ပါသည်။ ပဲစင်းငုံအသီးစိမ်းများအားပြုတ်၍ ရောင်းချမှုများရှိကာ တစ်စည်းလျှင် ၂၀၀ကျပ်ဖြင့် ယခုကာလရာသီစာအဖြစ် ဝယ်ယူစားသုံးကြသည်ကိုလည်း တွေ့ရပါသည်။

DOCA(ပဲခူး)