သန့်ရှင်း၍စိမ်းလန်းစိုပြည်သော ကျောင်းဆုပေးပွဲတွင် ပါဝင်ယှဉ်ပြိုင်သည့်ကျောင်းများအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

    ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်အတွင်း သန့်ရှင်း၍စိမ်းလန်းစိုပြည်သော ကျောင်းဆုပေးပွဲတွင် ပါဝင်ယှဉ်ပြိုင်သည့်ကျောင်းများသို့ ားရောက်၍ စိမ်းလန်းစိုပြည်သော ကျောင်း အခြေခံစံနှုန်းနှင့် အညွှန်းကိန်းများနှင့်အညီ အကဲဖြတ်အမှတ်ပေးခြင်းတို့ကို နတ်တလင်းမြို့နယ်၊ (အ.ထ.က)အခြေခံပညာအထက်တန်းကျောင်းနှင့် ပွတ်စုကျေးရွာ (အ.လ.က) ကျောင်းများတွင် သက်ဆိုင်ရာဌာနများပါဝင်သော ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ဒုတိယပတ်တွင် ဒုတိယအကြိမ် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

      အဆိုပါကျောင်းများ၌ကျောင်းပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးအတွက် သတ်မှတ်ထားသော အခြေခံစံနှုန်း (၄)ချက်တွင်ပါဝင်သည့် ကျောင်း၏အခြေအနေနှင့် လိုက်လျောညီထွေရှိသည့် လုပ်ငန်းအစီအစဉ်များကို (Action Plan)နှစ်အလိုက် ရေးဆွဲချမှတ်ထားခြင်း၊ ပတ်ဝန်းကျင်ဆိုင်ရာလုပ်ငန်းများကို ဒေသတွင်း ရပ်ရွာအခြေပြုအဖွဲ့အစည်းများ၊ အစိုးရအဖွဲ့အစည်းများ၊ ဌာနများနှင့် စီးပွားရေးလုပ်ငန်းရှင်များနှင့်ချိတ်ဆက်၍ ပူးပေါင်းပါဝင်ဆောင်ရွက်မှုရှိခြင်း၊  ကျောင်းဝန်းအတွင်း ကျောင်းမုန့်ဈေးတန်း၌ ကျန်းမာရေးနှင့်ညီညွတ်သော၊ ဆိုးဆေးကင်းလွတ်သော မုန့်များရောင်းချစေရေးအတွက် ထိန်းချုပ်မှုရှိခြင်း၊ ကြပ်မတ်ခြင်း၊ စည်းမျဉ်းစည်းကမ်းများရှိခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်သော အလေ့အကျင့်ကောင်းများရှိစေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း၊  အခြေခံစံနှုန်းနှင့် အညွှန်းကိန်း(၁၇)ချက်များနှင့်အညီ အကဲဖြတ်အမှတ်ပေးခြင်းတို့ကို သက်ဆိုင်ရာဌာနများပါဝင်သော ကွင်းဆင်းစစ်ဆေးအဖွဲ့နှင့်အတူ ဒုတိယအကြိမ် ကွင်းဆင်းစစ်ဆေးခဲ့ရာ ပထမအကြိမ်ထက် တိုးတက်မှုရှိပြီး  ဆောင်ရွက်ထားရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)