ကန့်ဘလူမြို့တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြစေရေး မုန့်လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

Powered by Drupal

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ၁၅ရက်နေ့တွင် မြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ “ထိန်သဇင်”မုန့်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

    ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို သိရှိနားလည်ထားရန်လိုအပ်ကြောင်း၊  မိမိတို့ထုတ်လုပ်သည့်ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြာဘာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ဖြစ်စေ သတ်မှတ်ချက်များနှင့်အညီ ကုန်စည်ပေါ်တွင် ဖော်ပြရမည်ဖြစ်ကြောင်း၊ အခြားသော သက်ဆိုင်ရာဌာနများ၏လုပ်ထုံးလုပ်နည်း၊ အမိန့်နှင့်ညွှန်ကြားချက်များကိုလည်း လိုက်နာရန်လိုအပ်ကြောင်း၊ သို့မှသာ စားသုံးသူများအတွက် ဘေးအန္တရာယ်ကင်းရှင်ပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသောကုန်စည်များကို ရွေးချယ်ဝယ်ယူစားသုံးနိုင်မည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ရာ စီးပွားရေးလုပ်ငန်းရှင်ကလည်း ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ပြန်လည်ဆွေးနွေးခဲ့ပြီး  ၎င်းအား စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)