စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်ဦးစီးမှူးသည် (၁၅-၁၂-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၂:၀၀)နာရီအချိန်တွင် လေးမျက်နှာမြို့နယ်၊ ခမောက်စုကျေးရွာအုပ်စုရှိ အုပ်ချုပ်ရေးမှူးရုံး ၌ ကုန်စုံဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ပါသည်။
ဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဦးအောင်သန်းဌေးက စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပါယ်ဖော်ပြချက်ကို အကျယ်တဝင့်ပြောကြားခဲ့ပြီး စားသုံးသူအခွင့် အရေးနှင့်တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်များအကြောင်း၊ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့် နစ်နာဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ ကုစားခွင့်ရရှိခြင်းများအကြောင်း၊ တားမြစ်ချက်များအကြောင်း၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း၊ စားသုံးသူ သတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) ရုံးခန်းများဖွင့်လှစ်ထားရှိမှုအခြေအနေနှင့် Call Centre No. (1535) သို့လည်း ဆက်သွယ်တိုင်ကြားနိုင်ကြောင်း စသည်တို့ကို အသိပညာပေးဟောပြောခဲ့ကြောင်းသိရှိရပါသည်။
DOCA(ဧရာဝတီ)