ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ သရက်ပင်လှ၊ (အ-မ-က) ကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ (၁၅) ရက်နေ့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ရေကြည်မြို့နယ်၊ သရက်ပင်လှ အ-မ-က ရှိ ဆရာ/မ (၈)ဦးနှင့် ကျောင်းသား/သူ (၁၈၇) ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ပါသည်။

    စားသုံးသူရေးရာဦးစီးဌာန၊ ရေကြည်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံသည် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈) ပါ ပြဋ္ဌာန်းချက်များအနက် စားသုံးသူများ စားသုံးသူအခွင့်အရေးအပြည့်အဝရရှိစေရန်ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍ တိကျမှန်ကန်ရှင်းလင်းသည့် သတင်းအချက်အလက်များဖြန့်ဝေပေးခြင်းကိုသိရှိနိုင်ရန်အလို့ငှာ စားသုံးသူကာကွယ်ရေးဥပဒေပါ ရည်ရွယ်ချက်များကိုရှင်းလင်းခဲ့ကြောင်း၊ ၎င်းနောက်  ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အခြေခံလိုအပ်ချက်များပေါ်တွင် စိတ်ကျေနပ်မှုရရှိစေရေး၊ ဘေးအန္တရာယ်ကင်းရှင်စွာအသုံးပြုခွင့်ရရှိရေး၊ စားသုံးသူ၏နစ်နာဆုံးရှုံးမှုများကို တိုင်ကြားသည့်နေရာများနှင့် စားသုံးသူရေးရာကော်မတီဖွဲ့စည်းထားရှိမှု စသည်တို့အပြင် ဘေးအန္တရာယ်ရှိသောကုန်စည်ကို ဈေးကွက်အတွင်းမှ ပြန်လည်သိမ်းဆည်းခြင်း (သို့မဟုတ်) ရောင်းချဖြန့်ဖြူးခြင်းကိုတားမြစ်ခြင်းနှင့် ဘေးအန္တရာယ်ရှိသောဝန်ဆောင်မှုကိုတားမြစ်ခြင်း၊ စားသုံးသူကာကွယ်ရေးဥပ‌ဒေ အခန်း (၁၆)၊ ပြဋ္ဌာန်းချက်များကိုလည်း ဟောပြောဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)