မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် စက်သုံးဆီ ဆိုင်(၈)ဆိုင်ရှိရာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (စတုတ္တ)ပတ်တွင် စက်သုံးဆီဈေး နှုန်းများမှာ ဓာတ်ဆီ (92)တစ်လီတာလျှင်(၂၁၉၃) ကျပ်၊ ဓာတ်ဆီ (95) တစ်လီတာလျှင် (၂၃၂၃) ကျပ် ၊ ဒီဇယ်ရိုးရိုး တစ်လီတာ လျှင်(၂၂၃၃) ကျပ် ၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာလျှင် (၂၃၁၈) ကျပ် ၊ ဖြင့်ရောင်းချလျက်ရှိကြောင်း သိရပါသည်။
၂၀၂၃ခုနှစ် ၊ ဒီဇင်ဘာလ (တတိယ) ပတ်တွင် ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်း များမှာ ဓာတ်ဆီ(92) တစ်လီတာလျှင်(၂၄၇၈) ကျပ်၊ ဓာတ်ဆီ(95) တစ်လီတာလျှင် (၂၅၇၃) ကျပ် ၊ ဒီဇယ်ရိုးရိုး တစ်လီတာ လျှင်(၂၂၁၈) ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၂၂၇၈) ကျပ် ဖြင့်ရောင်းချလျက်ရှိကြောင်း သိရပါသည်။
ယခုအပတ်နှင့် နှိုင်းယှဉ်ပါက ဓာတ်ဆီ (92) တစ်လီတာလျှင် (၂၈၅) ကျပ်၊ ဓာတ်ဆီ (95) တစ်လီတာလျှင် (၂၅၀) ကျပ်ဈေးမြင့်တက်သွားခဲ့ပြီး ဒီဇယ်ရိုးရိုးတစ်လီတာလျှင် (၁၅)ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာလျင်(၄၀)ကျပ် ဈေးကျဆင်းသွားကြောင်း သိရပါသည်။
DOCA(ပဲခူး)