Main menu

နတ်တလင်းမြို့နယ်တွင်ဖြစ်ပေါ်နေသောစက်သုံးဆီဈေးနှုန်း အခြေအနေ

Powered by Drupal

         မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။

       ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် စက်သုံးဆီ ဆိုင်(၈)ဆိုင်ရှိရာ     ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (စတုတ္တ)ပတ်တွင် စက်သုံးဆီဈေး နှုန်းများမှာ ဓာတ်ဆီ (92)တစ်လီတာလျှင်(၂၁၉၃) ကျပ်၊ ဓာတ်ဆီ (95) တစ်လီတာလျှင် (၂၃၂၃) ကျပ် ၊ ဒီဇယ်ရိုးရိုး တစ်လီတာ လျှင်(၂၂၃၃) ကျပ် ၊  ဒီဇယ် (ပရီမီယမ်) တစ်လီတာလျှင် (၂၃၁၈) ကျပ် ၊  ဖြင့်ရောင်းချလျက်ရှိကြောင်း သိရပါသည်။ 

        ၂၀၂၃ခုနှစ် ၊  ဒီဇင်ဘာလ (တတိယ) ပတ်တွင် ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်း များမှာ ဓာတ်ဆီ(92) တစ်လီတာလျှင်(၂၄၇၈) ကျပ်၊ ဓာတ်ဆီ(95) တစ်လီတာလျှင် (၂၅၇၃) ကျပ် ၊ ဒီဇယ်ရိုးရိုး တစ်လီတာ လျှင်(၂၂၁၈) ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၂၂၇၈) ကျပ် ဖြင့်ရောင်းချလျက်ရှိကြောင်း သိရပါသည်။

       ယခုအပတ်နှင့် နှိုင်းယှဉ်ပါက ဓာတ်ဆီ (92) တစ်လီတာလျှင် (၂၈၅) ကျပ်၊ ဓာတ်ဆီ (95) တစ်လီတာလျှင် (၂၅၀) ကျပ်ဈေးမြင့်တက်သွားခဲ့ပြီး ဒီဇယ်ရိုးရိုးတစ်လီတာလျှင် (၁၅)ကျပ်၊ ဒီဇယ် (ပရီမီယမ်)  တစ်လီတာလျင်(၄၀)ကျပ် ဈေးကျဆင်းသွားကြောင်း သိရပါသည်။

DOCA(ပဲခူး)