ရွှေဘိုခရိုင်အတွင်း ဒီဇင်ဘာလ တတိယပတ်တွင်ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

Powered by Drupal

     ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ဒီဇင်ဘာလ တတိယပတ်တွင် စပါး/ဆန်ဈေးနှုန်းများအနည်းငယ်တည်ငြိမ်နေပါသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဒီဇင်ဘာလ ဒုတိယပတ်တွင်  ရန်ကုန်သို့ အိတ်ရေ ၁၂၀၀၀အိတ်၊ မန္တလေးသို့ အိတ်ရေ ၁၇၁၀၀အိတ်၊ နေပြည်တော်သို့ အိတ်ရေ ၄၅၀၀အိတ်၊ ရှမ်း(တောင်)သို့ အိတ်ရေ ၄၅၀၀အိတ်၊ ပခုက္ကူသို့ အိတ်ရေ ၆၀၀အိတ်၊ မွန်သို့ ၃၄၆၀အိတ်၊ ကချင်သို့ ၁၃၈၀အိတ်၊ စုစုပေါင်းအိတ်ရေ ၄၃၅၄၀အိတ်၊ တန်အားဖြင့် ၂၁၇၇တန်စီးထွက်ခဲ့ပါသည်။ ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသ ကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၁၀၀၀၀အိတ်၊မန္တလေးသို့ အိတ်ရေ ၁၅၃၀၀အိတ်၊ နေပြည်တော်သို့ အိတ်ရေ ၅၃၀၀အိတ်၊ ရှမ်း(တောင်)သို့ အိတ်ရေ ၃၃၀၀အိတ်၊ ပခုက္ကူသို့ အိတ်ရေ ၄၀၀အိတ်၊ မွန်သို့ အိတ်ရေ ၈၃၈၀အိတ်၊ ကချင်သို့ ၂၆၉၀အိတ်၊  စုစုပေါင်းအိတ်ရေ ၄၅၃၇၀တန်၊ တန်အားဖြင့် ၂၂၆၈တန်စီးထွက်ခဲ့သည့်အတွက် ယခင်အပတ်နှင့်နှိုင်းယှဉ်လျှင် ယခုအပတ်အတွင်း အိတ်ရေ ၁၈၃၀အိတ်၊ တန်အားဖြင့် ၉၁တန်ပို၍စီးထွက်ခဲ့ပါသည်။

     ဒီဇင်ဘာလ  တတိယပတ်တွင်ဖြစ်ပေါ်နေသော စပါး/ဆန် ဈေးနှုန်း များမှာ ရွှေဘိုပေါ်ဆန်းစပါး (သစ်)တင်း၁၀၀လျှင် ကျပ်၃၃၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်းဆန် (သစ်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၂၅၀၀၀ ၊ ဧရာမင်းစပါး (သစ်) တင်း၁၀၀လျှင် ကျပ်၂၁၅၀၀၀၀ ဧရာမင်းဆန်(သစ်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၁၀၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)