စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးအနေဖြင့် ဌာန၏မျှော်မှန်းချက်ဖြစ်သည့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့်ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများအား လစဉ် ကွင်းဆင်းတွေ့ဆုံဆွေးနွေးခြင်းများဆောင်ရွက်လျက်ရှိရာ ကန့်ဘလူခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက်နှင့်အညီ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလအတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခြင်း (၃) ကြိမ်ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
ကွင်းဆင်းဆောင်ရွက်မှုများအနေဖြင့် (၈-၁၂-၂၀၂၃)ရက်နေ့တွင် ကန့်ဘလူမြို့၊ အမှတ်(၄) ရပ်ကွက်ရှိ “ရတနာ” ဆီစက်လုပ်ငန်းရှင်နှင့်တွေ့ဆုံခြင်း၊ (၁၁-၁၂-၂၀၂၃)ရက်နေ့တွင် ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်ရှိ “သိန္ဒိအောင်” ဆီစက်လုပ်ငန်းရှင်နှင့် (၁၅-၁၂-၂၀၂၃)ရက်နေ့တွင် ကန့်ဘလူမြို့၊အမှတ်(၃)ရပ်ကွက်ရှိ “ထိန်သဇင်”မုန့်မျိုးစုံလုပ်ငန်းရှင်တို့အား တွေ့ဆုံဆွေးနွေး အသိပညာပေးခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို သိရှိလိုက်နာရန်လိုအပ်ကြောင်း၊ ထို့နောက် “ထိန်သဇင်”မုန့်မျိုးစုံလုပ်ငန်းရှင်က ကုန်အညွှန်းအမှတ်အသားများတင်ပြလျှောက်ထားလာရာ စားသုံးသူကာကွယ်ရေးဥပဒေနှင့်ကိုက်ညီမှုရှိကြောင်း အတည်ပြုပေးနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)