ရွှေဘိုမြို့၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၌ ဌာနဆိုင်ရာဝန်ထမ်းများအား တန်ဖိုးသင့် စားသောက်ကုန်များဖြစ်သည့် စားအုန်းဆီနှင့်ဆန်များရောင်းချ

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ ခရိုင်စီမံအုပ်ချုပ်ရေးရာအဖွဲ့၏ ကြီးကြပ်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးနှင့်  ခရိုင်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာမှ ဝန်ထမ်းများပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ၂၂ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရွှေဘိုမြို့၊ ခရိုင်စီမံအုပ်ချုပ်ရးအဖွဲ့ရုံး၌ ဌာနဆိုင်ရာဝန်ထမ်းများအား စားဝတ်နေရေး အထောက်အပံ့ဖြစ်စေရန်အတွက် တန်ဖိုးသင့်စားသောက်ကုန်များဖြစ်သည့် စားအုန်းဆီနှင့်ဆန်များကို ဈေးနှုန်းချိုသာစွာရောင်းချပေးခဲ့ကြောင်းသိရှိရပါသည်။

    ထိုသို့ ရောင်းချရာတွင် တန်ဖိုးသင့်စားသောက်ကုန်များဖြစ်သည့်  ဆီ (၅၀)သား (၁)ဘူးလျှင်  (၂၇၀ဝိ/)နှုန်းဖြင့် ဆီ (၃၁၀)ဘူးကိုလည်‌ကောင်း၊ ဆန်(၁)ပြည်လျှင် (၂၅၀ဝိ)/-ကျပ်နှုန်းဖြင့် ပြည်(၃၅၀)ကိုလည်းကောင်း  အသီးသီးရောင်းချခဲ့ရာ ဌာနဆိုင်ရာဝန်ထမ်းများက လာရောက်ဝယ်ယူခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)