အထက်မင်းလှမြို့တွင် အရောင်းအဝယ်ဖြစ်နေသော ဆန်ဈေးနှုန်းများ

Powered by Drupal

   မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့သည် စိုက်ပျိုးရေးဒေသဖြစ်သော်လည်း စပါးစိုက်ဧကနည်းပြီး ဆန်မှာအခြားဒေသတိုင်းများမှ ဝယ်ယူတင်သွင်းရသောဒေသဖြစ်ပါသည်။ မင်းလှမြို့သို့ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့၊ ရေဦးမြို့၊ မကွေးတိုင်းဒေသကြီး မကွေးမြို့၊ မင်းဘူးမြို့၊ စလင်းမြို့၊ ဆင်ဖြူကျွန်းမြို့နှင့် ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့၊ ပုသိမ်မြို့၊ မြောင်းမြမြို့၊ မြန်အောင်မြို့၊ ကြံခင်းမြို့၊ ဟင်္သတမြို့တို့မှ ဆန်အိတ်များဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။   ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(စတုတ္တပတ်)တွင် အထက်မင်းလှမြို့၌ ဆန်ဈေးနှုန်းမှာ အနည်း ငယ်မြှင့်တက်လျက်ရှိပါသည်။ စားသုံးမှုများသော ဆန်ဈေးနှုန်းများမှာ ဧရာပဒေသာဆန် ရွှေပိုးအိမ် (၂၄)ပြည်(၁)အိတ်လျှင် ကျပ်(၁၅၀၀၀၀)၊ စိန်ရတီ(စိမ်း)(၂၄)ပြည်(၁)အိတ်လျှင် ကျပ်(၁၅၀၀၀၀)၊ စိန်ရတီ(နီ)(၂၄)ပြည် (၁)အိတ်လျှင် ကျပ်(၁၁၈၀၀၀)၊ စိန်ရတနာဧရာ(၂၄)ပြည်(၁)အိတ်လျှင် ကျပ်(၁၂၀၀၀၀)၊ စိန်ပုလဲဧရာ(၂၄)ပြည်(၁)အိတ်လျှင် ကျပ်(၁၂၅၀၀၀)၊ ကုန်းဇောင်း(အလွတ်) (၂၄) ပြည်(၁)အိတ်လျှင် ကျပ်(၁၄၃၀၀၀)၊ မနောသုခ (၂၄)ပြည်(၁)အိတ်လျှင် ကျပ်(၉၄၅၀၀၀)၊ ပေါ်ဆန်း (ရွှေဘို) (၂၄)ပြည် (၁)အိတ်လျှင် ကျပ်(၁၈၀၀၀၀)၊ ပေါ်ဆန်း(ဖျာပုံ)(၁)အိတ်လျှင် ကျပ် (၁၂၀၀၀၀) ဈေးအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခုဒီဇင်ဘာလ(စတုတ္တပတ်)တွင် ယခင် ဒီဇင်ဘာလ(တတိယပတ်)ထက် ဆန်(၁)အိတ်လျှင် ကျပ်(၁၅၀၀)ဝန်းကျင် ဈေးနှုန်းမြှင့်တက်လျက်ရှိကြောင်း အထက်မင်းလှမြို့၊ အမှတ်(၉)ရပ်ကွက်နေ ဆန်ရောင်းချသည့် ဆန်ဆိုင်ပိုင်ရှင်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)