အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ ဒီဇင်ဘာလ(စတုတ္တပတ်)အတွင်း ရောင်းချနေသော အခြေခံစားကုန်ဈေးနှုန်းများ

Powered by Drupal

   မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးတွင် မြို့အနီးရှိကျေးရွာများမှ ထွက်ရှိသောဟင်းသီးဟင်းရွက်များအပါအဝင် မိကျောင်းရဲမြို့၊ တောင်တွင်းကြီးမြို့၊ သရက် မြို့၊ မင်းဘူးမြို့နှင့်မကွေးမြို့တို့မှ ကုန်စည်များကိုမှာယူ၍ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။

  ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(စတုတ္တပတ်)တွင် ဇေယျာသီရိဈေး၌ ရောင်းချနေသောအခြေခံစား ကုန်ဈေးနှုန်းများမှာ ပေါ်ဆန်း(ရွှေဘို)(၁)ပြည်လျှင် ကျပ်(၇၆၀၀)၊ ပေါ်ဆန်း (ဖျာပုံ)(၁)ပြည်လျှင် ကျပ်(၅၄၀၀)၊ ဧရာပဒေသာ(၁)ပြည်လျှင် ကျပ်(၅၄၀၀)၊ နှမ်းဆီ(၁)ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ ပဲဆီ(၁)ပိဿာလျှင် ကျပ်(၁၃၀၅၀)၊ မျှင်ငပိ(၁)ပိဿာလျှင်ကျပ်(၄၈၀၀)၊ ကြက်သွန်နီ (၁)ပိဿာလျှင် ကျပ်(၃၀၀၀)၊ ကြက်သွန်ဖြူ(ရှမ်း)(၁)ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ ကြက်သွန်ဖြူ(ဗမာ) (၁)ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ ငရုတ်သီး(အကြမ်းမှုန့်)(၁)ပိဿာလျှင် ကျပ်(၂၀၀၀၀)၊ ငရုတ်သီး (အရောင်တင်မှုန့်) (၁)ပိဿာလျှင် ကျပ်(၂၅၀၀၀)၊ ဂျင်းတက်(၁)ပိဿာလျှင် ကျပ်(၈၀၀၀)၊ နနွန်းတက် (၁)ပိဿာလျှင် ကျပ်(၁၀၀၀၀)၊ ပုဇွန်ခြောက်(၁)ပိဿာလျှင် အကောင်အကြီး၊ အလတ်၊ အသေးပေါ် မူတည်၍ ကျပ်(၇၀၀၀၀-၈၀၀၀၀-၉၀၀၀၀)၊ အိမ်သုံးဆား(၁)ပိဿာလျှင် ကျပ်(၈၀၀)၊ ငရုတ်သီးစိမ်း (ကျောက် စိမ်း) (၁)ပိဿာလျှင် ကျပ်(၂၄၀၀)၊ ခရမ်းချဉ်သီး(၁)ပိဿာလျှင် ကျပ်(၁၅၀၀-၁၇၀၀)၊ ခရမ်း သီး(၁)ပိဿာလျှင် ကျပ်(၂၀၀၀)၊ ပဲသီး(၁)ပိဿာလျှင် ကျပ်(၂၀၀၀)၊ ဂေါ်ရခါးသီး(၁၀)လုံးလျှင် ကျပ် (၁၀၀၀)၊ အာလူး(၁)ပိဿာလျှင် ကျပ်(၂၈၀၀)၊ မုန့်ညှင်းစိမ်း (၂)ပင်လျှင် ကျပ်(၅၀၀)၊ ရုံးပတီသီး(၁၀) တောင့်လျှင် ကျပ်(၂၀၀)၊ ပန်းဂေါ်ဖီတစ်ပွင့်လျှင် ကျပ်(၁၂၀၀)၊ ဂေါ်ဖီထုပ်(၁)ထုပ်လျှင် ကျပ်(၁၂၀၀)၊ ချဉ်ပေါင်ရွက်(၁)စည်းလျှင် ကျပ်(၅၀)၊ ကန်စွန်းရွက်(၁၀)စည်းလျှင် ကျပ်(၅၀၀)၊ သခွားသီး(၁)လုံးလျှင် ကျပ်(၂၀၀-၄၀၀)၊ မုန့်လာဥ(၁၀)ဥလျှင် ကျပ်(၃၀၀)၊ ပြောင်းဖူး (သကြား)(၁)ဖူးလျှင် ကျပ်(၅၀၀)၊ နံနံပင် (၁)ပိဿာလျှင် ကျပ်(၃၀၀၀)၊ မြေပဲဆံ(၁)ပြည်လျှင် ကျပ်(၉၀၀၀)၊ ကုလားပဲ(၁)ပြည်လျှင် ကျပ် (၁၀၀၀၀)၊ မောင်မခေါ်ပဲ(၁)ပြည်လျှင် ကျပ်(၁၃၅၀၀)၊ ကြက်သား (CP)(၁)ပိဿာလျှင် ကျပ်(၁၀၀၀၀)၊ ကြက်သား(ဗမာ)(၁)ပိဿာလျှင် ကျပ်(၁၇၀၀၀)၊ ဝက်သား(၁)ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ အမဲသား (၁)ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ ဆိတ်သား(၁)ပိဿာလျှင် ကျပ် (၁၆၀၀၀)၊ မြစ်ငါးကြင်း(၁)ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ ကြက်ဥ(၁၀)လုံးလျှင် ကျပ်(၂၀၀၀)၊ ဘဲဥ(၁၀) လုံးလျှင် ကျပ်(၃၈၀၀)၊ ငုံးဥ(၁၀) လုံးလျှင် ကျပ်(၆၀၀) ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဇေယျာသီရိဈေး အတွင်းရှိ ရောင်းချသည့်ဈေးသည်များထံမှ သိရှိရပါသည်။

DOCA(မကွေး)