စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်တာဝန်ခံ ဦးအုန်းမြင့် (ဦးစီးမှူး) သည် (၂၀-၁၂-၂၀၂၃)ရက်နေ့၊ နံနက်(၀၈း၀၀)နာရီအချိန်တွင် စားသုံးသူပြည်သူများဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရန်အတွက် သရက်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ အသိပညာပေး Talk Show ပွဲပြုလုပ်ကျင်းပခဲ့ပါသည်။
အဆိုပါ Talk Show ပွဲတွင် သရက်မြို့နယ်တာဝန်ခံက လူသုံးကုန်ပစ္စည်းများ၊ အလှကုန်ပစ္စည်းများ၊ အစားအသောက်များဝယ်ယူသုံးစွဲရာတွင် သိရှိရမည့် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)တွင်ပါရှိသည့် အခန်း(၁၈)၊ ပုဒ်မ(၄၁)အရ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များကိုသာရွေးချယ်ဝယ်ယူတတ်စေရန်၊ စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့်လည်း မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာဖော်ပြရန်နှင့် မြန်မာဘာသာဖြင့်ဖော်ပြရမည့်အချက်များအား မဖြစ်မနေထည့်သွင်းဖော်ပြရမည်ဖြစ်ကြောင်းကို အသေးစိတ်ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။
DOCA(မကွေး)