ရွှေဘိုခရိုင် မိုးစပါး စိုက်ပျိုးထွက်ရှိမှုနှင့် ဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

    ရွှေဘိုခရိုင်အနေဖြင့် ၂၀၂၃-၂၀၂၄ခုနှစ်တွင် မိုးစပါးအမျိုးအစားအလိုက် ရွှေဘိုပေါ်ဆန်း (၃၂၆၅၉၈)ဧက၊ ဧရာမင်းစပါး(၂၁၀၆၆၉)ဧကနှင့် အခြားမိုးစပါး (၁၀၆၃၄၈)ဧက စုစုပေါင်း (၆၄၃၆၁၅)ဧက စိုက်ပျိုးပြီး ဒီဇင်ဘာလဆန်းပိုင်းမှ စတင်ရိတ်သိမ်းလျက်ရှိရာ (၅၀)ရာခိုင်နှုန်းခန့် ရိတ်သိမ်းပြီးစီး၍ အထွက်နှုန်းအနေဖြင့် ရွှေဘိုပေါ်ဆန်း  တစ်ဧကလျှင်  (၇၅)တင်းနှုံး၊ ဧရာမင်း တစ်ဧကလျှင် (၈၀)တင်းနှုန်း ထွက်ရှိကြောင်း သက်ဆိုင်ရာ ဌာနများမှ သိရှိရသည်။

   ရွှေဘိုခရိုင်အတွင်း ၂၀၂၃-၂၀၂၄ မိုးစပါး ပေါ်ချိန် ပေါက်ဈေးမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း(၁၀၀)လျှင် (၃၃၀၀၀၀၀)ကျပ်၊ ဧရာမင်းစပါး တင်း(၁၀၀)လျှင် (၂၁၅၀၀၀၀)ကျပ်နှင့် ရွှေဘိုပေါ်ဆန်းဆန် (၂၄)ပြည်ပါ တစ်အိတ်လျှင် (၁၂၅၀၀၀)ကျပ်၊ ဧရာမင်းဆန်(၂၄)ပြည်ပါ တစ်အိတ်လျှင် (၁၁၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိသည်။

DOCA(စစ်ကိုင်း)