ရွှေဘိုမြို့ ကုန်းဘောင်ဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

Powered by Drupal

 ရွှေဘိုမြို့ အမှတ်(၁၀)ရပ်ကွက်ရှိ ကုန်းဘောင်ဈေးတွင် ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် ဖြစ်ပေါ်ခဲ့သော သစ်သီးဝလံ ဈေးနှုန်းများမှာ တောင်ကြီး မြို့နှင့်  ပြင်ဦးလွင်မြို့မှ ထွက်ရှိသည့် ထောပတ်သီး တစ်လုံးလျှင် (၃၀၀)ကျပ်မှ (၁၂၀၀)ကျပ်ထိ၊စတော်ဘယ်ရီသီး တစ်ပိဿာလျှင် (၂၂၀၀၀)ကျပ်၊ ပန်းသီးတစ်လုံးလျှင် (၈၀၀)ကျပ်မှ (၂၅၀၀)ကျပ်ထိ၊ ပန်းသစ်တော်သီး တစ်လုံးလျှင် (၃၀၀၀)ကျပ်၊ မန္တလေး ပွဲရုံများမှ မှာယူရောင်းချသည့် ပျားလိမ္မော် တစ်ပိဿာလျှင် (၈၀၀၀)ကျပ်မှ (၁၀၀၀၀)ကျပ်ထိ၊ ရွှေလိမ္မော် တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ကျွဲကောသီး တစ်လုံးလျှင် (၃၀၀၀)ကျပ်၊ ရွှေသခွားသီး တစ်လုံးလျှင် (၁၀၀၀)ကျပ် ဇီးပန်းသီး တစ်လုံး (၂၅၀)ကျပ်၊ သခွားမွှေး တစ်လုံးလျှင် (၃၀၀၀)ကျပ်၊ ရမည်းသင်းမြို့မှ ထွက်ရှိသည့် စပျစ်သီး အချွန်းသီး(အစေ့လွတ်) တစ်ပိဿာလျင် (၂၀၀၀၀) ကျပ်၊ စပျစ်သီး အဝိုင်းသီး တစ်ပိဿာလျှင် (၁၈၀၀၀)ကျပ်၊ သလဲသီး တစ်လုံးလျှင် (၇၀၀) ကျပ်မှ (၁၃၀၀)ကျပ်ထိ၊ပင်မှည့်သီး တစ်လုံးလျှင် (၂၀၀)ကျပ်၊ ကဗ္ဗလာသီး တစ်လုံးလျှင် (၂၅၀)ကျပ်၊ ဆားတောင်မြို့နှင့် ရွှေပန်းကုန်းရွာမှ ထွက်ရှိသည့် ငှက်ပျောသီး ဖီးကြမ်း တစ်ဖီးလျှင် (၂၀၀၀)ကျပ်၊ မာလကာသီး တစ်လုံးလျှင် (၃၅၀)ကျပ်၊ ဗန်းမော်မြို့မှ မှာယူရောင်းချသည့် သစ်ကြားသီး တစ်လုံးလျှင် (၁၅၀)ကျပ်ဖြင့် အသီးသီး အရောင်းအဝယ် ဖြစ်နေကြောင်း ကုန်းဘောင်ဈေးအတွင်း ရောင်းချသော သစ်သီးဆိုင်များမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)