မြန်မာ တရုတ် လွယ်ဂျယ်နယ်စပ်ဂိတ်ပြန်လည်ဖွင့်လှစ်

Powered by Drupal

         ကိုဗစ်-၁၉ ရောဂါထိန်းချုပ်မှုနှင့်ဆက်စပ်၍ လွယ်ဂျယ်နယ်စပ်ဂိတ်ကို ၂၀၂၁ ခုနှစ် ဇူလိုင်လ လယ်မှစတင်ပြီး တရုတ်နိုင်ငံဘက်မှ စတင်ပိတ်ထားခဲ့ရာမှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ(၁၇)ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်၍ ကုန်သွယ်မှုစမ်းသပ်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ နှစ်နိုင်ငံကုန်သွယ်မှုလုပ်ငန်းများ စတင်ဆောင်ရွက်ရေးအတွက် မြန်မာနိုင်ငံဘက်မှတာဝန်ရှိသူများနှင့် တရုတ်နိုင်ငံတာဝန်ရှိသူများသည် onlineစနစ်ဖြင့် (၃)ကြိမ် ဆွေးနွေးခဲ့ပြီး ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ပြင်ဆင်ဆောင်ရွက်ခဲ့ရာ တရုတ်နိုင်ငံဘက်မှ ကြည့်ရှုစစ်ဆေးပြီးနောက် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံဘက်မှပို့ကုန် အဖြစ် ကြံ၊ တစ်သျှူးငှက်ပျောတို့ကို တင်ပို့မည်ဖြစ်ပြီး တရုတ်နိုင်ငံဘက်မှ ဓာတ်မြေဩဇာ၊ အထည်အလိပ်နှင့် အိမ်သုံးကုန်ပစ္စည်းအမျိုးမျိုးတို့ကို သွင်းကုန်အဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရပါသည်။