ဆီတို့ဟူးလုပ်ငန်း

Powered by Drupal

      ရှမ်းပြည်နယ်(မြောက််ပိုင်း)၊ ကျောက်မဲမြို့၊ အမှတ်(၈) ရပ်ကွက်၊ ရွှေစေတီရပ်ရှိ တပိုင်တနိုင်လုပ်ငန်းဖြစ်သော ဒေသထွက်ဆီတို့ဟူးပြုလုပ်ရောင်းချလျက်ရှိသည့် လုပ်ငန်းခွင်သို့ သွားရောက်၍ထုတ်လုပ်နေမှု အဆင့်ဆင့်အား မေးမြန်းခဲ့ပါသည်။ ဆီတို့ဟူးရရှိရန် ပထမဦးစွာ ပဲပုပ်စေ့ကို ကြိတ်၍အရည်စစ်ရကြောင်း၊ အရည်စစ်ပြီးသည့် မုန့်အနှစ်ကို မီးဖြင့်ကျို၍ ရလာသည့်အရည်ကို အဖတ်ဖြစ်ရန် အအေးခံထားရကြောင်း၊ အအေးခံပြီးနောက် ရလာသည့်အချပ်ကို လေးထောင့်တုံးလေးများဖြစ်အောင် ညီညီညာညာလှီးဖြတ်ရကြောင်း၊ ထိုအတုံးလေးများကို ဘန်း (သို့မဟုတ်) စကောထဲသို့ ပြန် ထည့်ကာ နေပူလှန်းရကြောင်း၊ နေပူလှန်းရာတွင် နေရောင်ခြည်ပေါ်မူတည်၍ (၂) ရက် (သို့မဟုတ်) (၃) ရက်လှန်းရ‌ကြောင်း၊ နေလှန်းရာ၌ အတုံးခဲလေးများအပေါ် အမွှေးစလေးများ ပေါ်ပေါက်လာသည်အထိ နေလှန်းရကြောင်း၊ ထိုသို့အမွှေးစလေးများပေါ်လာမှသာ အရသာပေါ်လွင်၍ တာရှည်ခံကြောင်းသိရသည်။

      ထိုနေလှန်းပြီး အတုံးခဲများအား ဆား၊ ငရုပ်မှုန့်၊ ဟင်းခတ်အမွှေးအကြိုင်၊ သဘာဝအတိုင်းပြုလုပ်ထားသည့် ဆန်အရက်အနည်းငယ်တို့ဖြင့် သမအောင်နယ်ထားသော အနှစ်များဖြင့် နှပ်ထားရကြောင်း၊ ယင်းနောက်၌ ဓါတုဆိုးဆေးများကင်းစင်ပြီး ကျန်းမာရေးနှင့်ပြည့်ဝသော အသင့်စား “ဆီတို့ဟူး” ကိုရရှိကြောင်း သိရှိရပါသည်။ ဈေးကွက်အရ ဒေသတွင်းနှင့် မန္တလေးမြို့သို့ တင်ပို့ရောင်းချလျက်ရှိကြောင်းသိရှိရပြီး လက်ရှိပေါက်ဈေးမှာ ဗူးကြီး(၁)ဗူးလျှင် - (၂၅၀၀/-) ကျပ်နှင့်ဗူးသေး (၁)ဗူး လျှင် (၁၂၀၀/-) ကျပ် ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ရှမ်းပြည်နယ်