ရွှေဘိုပေါ်ဆန်းစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသည့်ကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်စေနိုင်သည့် မှတ်တိုင်တစ်ခု

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့တွင်ဖွဲ့စည်းထားသည့် ရွှေဘိုပေါ်ဆန်းစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၏ ကိုယ်စားလှယ်(၅)ဦးတို့အနေဖြင့် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ (၁၀) ရက်နေ့မှ (၁၄)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့၊ ဆန်ဝေးဟိုတယ်တွင်ကျင်းပခဲ့သည့် Regional Workshop သို့  တက်ရောက်ဆွေးနွေးခဲ့ကြောင်း၊ ဆက်လက်၍ ဒီဇင်ဘာလ (၁၅) ရက်နေ့မှ (၁၆)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့၊ ခွန်ပစ်ခန်းမတွင်ကျင်းပခဲ့သည့် ကုန်စည်ပြပွဲတွင် ရွှေဘိုပေါ်ဆန်းမွှေးဆန်နှင့် ချက်ပြုတ်ထားသည့် ထမင်းကိုပါပြသခဲ့ရာ စိတ်ဝင်တစားဝင်ရောက်ကြည့်ရှုခဲ့ကြပြီး ရွှေဘိုပေါ်ဆန်းမွှေးဆန်ရောင်းချပေးရန် တောင်းဆိုမှုများလည်းရှိခဲ့သည့်အပြင် ကမ္ဘောဒီးယားနိုင်ငံတွင် လက်ရှိ GI ထုတ်ကုန်ပစ္စည်းများထုတ်လုပ်သည့် နေရာများသို့လည်း သွားရောက်လေ့လာခွင့်ရခဲ့ကြောင်းသိရှိရပါသည်။

    စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အနေဖြင့် မိုးစပါးစိုက်ပျိုးရာသီတွင် ရွှေဘိုပေါ်ဆန်းစပါးများကို နှစ်စဉ်စိုက်ပျိုးလျက်ရှိရာ (၂၀၂၃-၂၀၂၄) ခုနှစ်တွင် ရွှေဘိုပေါ်ဆန်းစပါး (၃၂၆၅၉၈)ဧက၊ ဧရာမင်းစပါး (၂၁၀၆၆၉)ဧက၊ အခြားမျိုးကွဲစပါး (၁၀၆၃၄၈)ဧက၊ စုစုပေါင်း (၆၄၃၆၁၅)ဧကစိုက်ပျိုးခဲ့ရာ ရွှေဘိုပေါ်ဆန်းစပါးမှာ ရွှေဘိုတစ်ခရိုင်လုံးစိုက်ဧက၏ (၅၀)ရာခိုင်နှုန်းကျော်စိုက်ပျိုးခဲ့ကြောင်း၊ လက်ရှိအချိန်တွင် စိုက်ပျိုးထားသည့်ရွှေဘိုပေါ်ဆန်းစပါးများ လှိုင်လှိုင်ရိတ်သိမ်းနေပြီဖြစ်ကြောင်း၊ ရွှေဘိုပေါ်ဆန်းစိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း၏ ကိုယ်စားလှယ်များအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံ ခရီးစဉ်၏ Regional Workshop တွင် ရွှေဘိုပေါ်ဆန်းအကြောင်းများကိုဆွေးနွေးခြင်း၊ ကုန်စည်ပြပွဲတွင် ရွှေဘိုပေါ်ဆန်းမွှေးဆန်နှင့်ချက်ပြုတ်ထားသည့် ထမင်းကိုပါပြသခဲ့ရာ ရွှေဘိုပေါ်ဆန်းမွှေးဆန်ရောင်းချပေးရန် တောင်းဆိုမှုများရှိခဲ့၍ ဈေးကွက်ချိတ်ဆက်နိုင်ခြင်းနှင့် ကမ္ဘောဒီးယားနိုင်ငံ၏ လက်ရှိ GI ထုတ်ကုန်ပစ္စည်းများထုတ်လုပ်သည့် နေရာများသို့လည်း သွားရောက်လေ့လာခွင့်ရရှိခဲ့ခြင်းတို့ကြောင့် ရွှေဘိုပေါ်ဆန်းကို ပြည်တွင်းတွင်သာမက ပြည်ပနိုင်ငံများအထိ သိရှိနိုင်အောင်ဆောင်ရွက်နိုင်ခဲ့သည့် မှတ်တိုင်တစ်ခုဖြစ်သည့်အပြင် အဆိုပါခရီးစဉ်မှ အစပြု၍ ရွှေဘိုပေါ်ဆန်းစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသည့် ကဏ္ဍတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်စေနိုင်ပြီး လက်ရှိဆောင်ရွက်လျက်ရှိသည့် ရွှေဘိုပေါ်ဆန်း GI ရရှိရေးအတွက် ဆောင်ရွက်နေသည့်လုပ်ငန်းများအတွက်ပါ များစွာအထောက်အကူဖြစ်၍ ရွှေဘိုပေါ်ဆန်း စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၏ အကျိုးရှိသည့်ဆောင်ရွက်မှုစ်ခုဖြစ်ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)