တောင်ငူမြို့နယ်ရှိ ရပ်ကွက်ကျေးရွာများအရောက် စားအုန်းဆီများရောင်းချပေး

Powered by Drupal

   တောင်ငူခရိုင်၊ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းသည် စားသုံးသူပြည်သူများ စားအုန်းဆီများကို သက်သာသောနှုန်းထားဖြင့် ဝယ်ယူရရှိနိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့အရောက် မော်တော်ယာဉ်များဖြင့် ပို့ဆောင်၍ရောင်းချပေးလျက်ရှိပါသည်။

     ထိုသို့ရောင်းချရာတွင် စားအုန်းဆီတစ်ပိဿာလျှင် သတ်မှတ်ရည်ညွှန်းဈေးနှုန်းအပေါ်မူတည်၍ သယ်ယူပို့ဆောင်ခပေါင်းပြီး နှစ်ရာခိုင်နှုန်းအမြတ်ထက်မပိုသောဈေးနှုန်းဖြင့် အိမ်ထောင်စုတစ်စုလျှင် တစ်ပိဿာနှုန်းရောင်းချပေးလျက်ရှိပါသည်။

   ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ၃ရက်နေ့တွင် တောင်ငူမြို့နေပြည်သူများအား စားအုန်းဆီပိဿာ ၁၀၀ကို တစ်ပိဿာလျှင် ၅၅၀၀ကျပ်နှုန်းဖြင့် လူစည်ကားရာ ဘုရင့်နောင်ဈေးအနီး၌ ရောင်းချပေးခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးမြင့်သူနှင့်ဝန်ထမ်းများက ကြီးကြပ်ကူညီဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)