“ ထောပတ်ပဲရာသီပေါ်ချိန်၌ ဈေးကောင်းရလျက်ရှိ ”

Powered by Drupal

     မိတ္ထီလာခရိုင်တွင် ပဲမျိုးစုံသီးနှံများမှ ပြည်ပပို့ကုန်တစ်မျိုးဖြစ်သည့် ထောပတ်ပဲကို မိတ္ထီလာ၊ သာစည်၊ မလှိုင်မြို့နယ်များတွင် စိုက်ပျိုးကြပါသည်။ ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ်တွင် ထောပတ်ပဲ စိုက် ဧက (၄၀၄၁) ဧကရှိပြီး ၊ မိတ္ထီလာခရိုင်တွင် ရာသီပေါ်စထောပတ်ပဲခေါ်ပဲလိပ်ပြာများ ဈေးကောင်းရ လျက်ရှိကြောင်း၊ ထောပတ်ပဲကို ပြည်တွင်း၌ ပဲကြမ်းကြော်ပြုလုပ်ခြင်း၊ ပြုတ်စားခြင်း၊ ပဲမုန့်နှင့်ပဲရေပွပြုလုပ်၍ စားသုံးကြပါသည်။ ထောပတ်ပဲစားသုံးခြင်းဖြင့် မဂ္ဂနီစီယမ်နှင့် ဖောလစ်အက်ဆစ်များပါဝင်၍ ကိုလက်စရောပါဝင်မှုနည်းသဖြင့်နှလုံးအတွက်ကောင်းမွန်ကြောင်း၊ အဆီပါဝင်သည့်ပဲဖြစ်သောကြောင့် စားသုံးသူ၌ ကိုယ်အလေးချိန်မတက်ခြင်း၊ လူတို့၏ ပရိုတိန်းဓါတ်ကို ကောင်းစွာဖြည့်ဆည်းပေးသဖြင့် ကျန်းမာရေးအတွက် အာဟာရရှိသော ပဲတစ်မျိုးဖြစ်ပါသည်။ ထောပတ်ပဲကို ဒီဇင်ဘာလ စတုတ္တပတ်မှ စတင်ပေါ်ပြီး ဇန်နဝါရီလလဆန်းပိုင်းတွင် လှိုင်လှိုင်ပေါ်ပြီး၊ ပွဲရုံများတွင် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ထောပတ်ပဲအစို တစ်ပြည်လျှင် (၅၆၀၀) ကျပ် ဈေးရှိပြီး၊ ဒေသတွင်း စားသုံးမှုအဝယ်လိုက်သဖြင့် ဈေးကောင်းလျက်ရှိကြောင်း၊ လက်ရှိဈေးကွက်အတွင်း ထောပတ်ပဲတစ်တင်းလျှင် (၁၁၀၀၀၀) ကျပ်  ဈေးဖြင့်ရောင်းဝယ်လျက်ရှိကြောင်း၊ ယခင်နှစ် ထောပတ်ပဲရာသီပေါ်ချိန်တွင် ကျပ် (၁၀၀၀၀၀) ကျပ် ခန့်သာရှိကြောင်း၊ ယခင်နှစ်နှင့် ယခုနှစ်နှိုင်းယှဉ်လျှင် ထောပတ်ပဲတစ်တင်းကျပ် (၁၀၀၀၀) ကျပ်ခန့်မြှင့်တက်လာကြောင်း သိရှိရပါသည်။ ပြည်တွင်းဈေးကွက်အနေဖြင့် ရန်ကုန်နှင့်မန္တလေးမြို့များသို့ အဓိကတင်ပို့လျက်ရှိကြောင်း သိရပါသည်။

DOCA(မန္တလေး)