ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ကြက်သွန်နီဝင်ရောက်ရာဒေသများနှင့် ဈေးနှုန်းများ

Powered by Drupal

    ရန်ကုန်တိုင်းဒေသကြီးသို့ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ ဝင်ရောက်လာသည့် ကြက်သွန်နီများသည် အနောက်ပိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ ဘုရင့်နောင် ကုန်စည်ဒိုင်သို့  နေ့စဉ် မော်တော်ယာဉ်များဖြင့် ဝင်ရောက်လျက်ရှိပါသည်။ ပွဲရုံများ၏  ကြက်သွန်နီ လက်ကျန်အခြေအနေများအား  အမှန်ကန်ဆုံး သိရှိနိုင်ရန်အတွက် ဘုရင့်နောင်ပွဲရုံဝင်းအတွင်းရှိ  ကြက်သွန်နီပွဲရုံ (၄၀) အနက် Random စနစ်ဖြင့် ပွဲရုံ (၁၀) ရုံအား မေးမြန်းချက်များအရလည်းကောင်း၊ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီ နေ့စဉ်ဝင်ရောက်မှု စာရင်းများအရလည်းကောင်း၊ ကြက်သွန်နီလက်ကျန် အခြေအနေအား နေ့စဉ် စုံစမ်းလျက်ရှိပါသည်။ ဇန်နဝါရီလ ( ၂ ) ရက်မှ ဇန်နဝါရီလ ( ၈ ) ရက်နေ့အထိ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီ ဝင်ရောက်ရာဒေသများ ဖြစ်သည့် ဆိပ်ဖြူ၊ မြင်းခြံ၊ ပခုက္ကူ၊ မိတ္ထီလာ၊ မြစ်သား ဒေသတို့မှ ကြက်သွန်နီ (၉၇၂၀၀၀) ပိဿာဝင်ရောက်ခဲ့ပြီး (၆၀) ရာခိုင်နှုန်းခန့် ပြန်လည်စီးထွက်မှုရှိကြောင်း သိရှိရပါသည်။ ထို့ကြောင့် ကြက်သွန်နီ လက်ကျန်မှာ (၃၈၈၈၀၀) ကျန်ရှိကြောင်း ကုန်စည်ဒိုင် သတင်းအရ သိရှိရသည်။ ပခုက္ကူ ကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၁၈၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၂၃၀၀ ၊ အကြီးမှာ ကျပ် ၃၀၀၊ မြင်းခြံ ကြက်သွန်နီ(အသစ်) အချော တစ်ပိဿာ ကျပ် ၁၆၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၂၃၀၀ ၊ အကြီးမှာ ကျပ် ၂၈၀၀၊ ရှယ်မှာ ကျပ် ၃၀၀၀၊ မြစ်သား ကြက်သွန်နီ(အသစ်) အချော တစ်ပိဿာ ကျပ် ၃၁၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၃၅၀၀ ၊ အကြီးမှာ ကျပ် ၃၅၀၀၊ ရှယ်မှာ ကျပ် ၃၅၀၀၊  ဆိပ်ဖြူ ကြက်သွန်နီ(အသစ်) အချော တစ်ပိဿာ ကျပ် ၁၆၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၂၂၀၀ ၊ အကြီးမှာ ကျပ် ၂၈၀၀၊ ရှယ်မှာ ကျပ် ၃၀၀၀၊  မိတ္ထီလာ ကြက်သွန်နီ(အသစ်) အချော တစ်ပိဿာ ကျပ် ၁၈၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၂၃၀၀ ၊ အကြီးမှာ ကျပ် ၃၀၀၀၊ ရှယ်မှာ ကျပ် ၃၃၀၀  ဈေးတို့အသီးသီးရှိကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(ရန်ကုန်)