မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကြက်ဘဲဈေးရှိ ဈေးနှုန်းများ

Powered by Drupal

    မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကြက်/ဘဲဈေးတွင်ရောင်းချနေသော ကြက်/ဘဲများမှာ ပဲခူးတိုင်းဒေသကြီး၊  ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ခြံဖမ်းဈေးစနစ်ဖြင့်လည်ကောင်း၊  အရောက်ပို့စနစ်ဖြင့်လည်ကောင်း အသီးသီးဝင်ရောက်လျက်ရှိကြောင်းသိရှိရပါသည်။ ကြက်/ဘဲဈေးတွင် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ တတိယပတ်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိသော ဈေးနှုန်းများမှာ ကြက်အရှင်၊ အိမ်မွေးကြက် ၁ပိဿာလျှင် ကျပ် (၁၆၀၀၀/၁၇၀၀၀)၊ အသားတိုးကြက် ၁ပိဿာလျှင် ကျပ်(၄၆၀၀/၄၇၀၀)၊ မွေးမြူရေး ကြက်(ထီး/မ) ၁ပိဿာလျှင် ကျပ် (၅၀၀၀ / ၈၅၀၀)၊ ဘဲအရှင် ၁ပိဿာလျှင် ကျပ်(၉၅၀၀ / ၁၀၀၀၀)၊ ချယ်ရီ/ဘယ်ရီဘဲ ၁ပိဿာလျှင် (၅၅၀၀/၆၀၀၀) ကျပ်တို့ဖြင့် ကုန်အဝင်ပိဿာချိန် (၈၆၈၀၀)ရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။င့် ကုန် အဝင်ပိဿာချိန် (၈၆၈၀၀)ရှိပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါ သည်။  

     အဆိုပါ ဈေးနှုန်းများကို ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ၏ ပထမပတ်ဈေးနှုန်းနှင့်နှိုင်းယှဉ်ကြည့်လျှင် အိမ်မွေးကြက်/အသားတိုးကြက်နှင့် ဘဲဈေးနှုန်းများမှာ ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ မွေးမြူရေးကြက်(ထီး/မ)  ၁ပိဿာလျှင် ၅၀၀ကျပ်ကျဆင်းခဲ့ကြောင်း ဈေးနှုန်းအတက်/ အကျပြောင်းလဲခြင်းသည်  ကုန်ပစ္စည်းအဝင်နှင့် ဝယ်လိုအားအပေါ်မူတည်နေကြောင်း  ကြက်/ ဘဲဈေးတာဝန်ခံထံမှသိရှိရပါသည်။

DOCA(ရန်ကုန်)