![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/106_4.jpg?itok=3d-bnIpC)
မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကြက်/ဘဲဈေးတွင်ရောင်းချနေသော ကြက်/ဘဲများမှာ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ခြံဖမ်းဈေးစနစ်ဖြင့်လည်ကောင်း၊ အရောက်ပို့စနစ်ဖြင့်လည်ကောင်း အသီးသီးဝင်ရောက်လျက်ရှိကြောင်းသိရှိရပါသည်။ ကြက်/ဘဲဈေးတွင် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ တတိယပတ်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိသော ဈေးနှုန်းများမှာ ကြက်အရှင်၊ အိမ်မွေးကြက် ၁ပိဿာလျှင် ကျပ် (၁၆၀၀၀/၁၇၀၀၀)၊ အသားတိုးကြက် ၁ပိဿာလျှင် ကျပ်(၄၆၀၀/၄၇၀၀)၊ မွေးမြူရေး ကြက်(ထီး/မ) ၁ပိဿာလျှင် ကျပ် (၅၀၀၀ / ၈၅၀၀)၊ ဘဲအရှင် ၁ပိဿာလျှင် ကျပ်(၉၅၀၀ / ၁၀၀၀၀)၊ ချယ်ရီ/ဘယ်ရီဘဲ ၁ပိဿာလျှင် (၅၅၀၀/၆၀၀၀) ကျပ်တို့ဖြင့် ကုန်အဝင်ပိဿာချိန် (၈၆၈၀၀)ရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။ြင့် ကုန် အဝင်ပိဿာချိန် (၈၆၈၀၀)ရှိပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါ သည်။
အဆိုပါ ဈေးနှုန်းများကို ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ၏ ပထမပတ်ဈေးနှုန်းနှင့်နှိုင်းယှဉ်ကြည့်လျှင် အိမ်မွေးကြက်/အသားတိုးကြက်နှင့် ဘဲဈေးနှုန်းများမှာ ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ မွေးမြူရေးကြက်(ထီး/မ) ၁ပိဿာလျှင် ၅၀၀ကျပ်ကျဆင်းခဲ့ကြောင်း ဈေးနှုန်းအတက်/ အကျပြောင်းလဲခြင်းသည် ကုန်ပစ္စည်းအဝင်နှင့် ဝယ်လိုအားအပေါ်မူတည်နေကြောင်း ကြက်/ ဘဲဈေးတာဝန်ခံထံမှသိရှိရပါသည်။
DOCA(ရန်ကုန်)