ကယားပြည်နယ်အတွင်းရှိတောင်သူများသည် မိုးစပါးရိတ်သိမ်းပြီးနောက် ဆောင်းရာသီ သီးနှံအဖြစ် မုန်ညင်းကိုစိုက်ပျိုးလုပ်ကိုင်ကြပြီး ဒေသအတွင်းစားသုံးမှုနှင့်စျေးကွက်လိုအပ်ချက်အ တွက် ထုတ်လုပ်ရောင်းချလျက်ရှိကြောင်းသိရသည်။ မုန်ညင်းသည်အေးမြသောရာသီဥတုတွင်ဖြစ် ထွန်း ကောင်းမွန်သည့် သီးနှံတစ်မျိုးဖြစ်ပြီး ကယားပြည်နယ်၏ဒေသအချို့တွင် ဆောင်းရာသီကာ လအတွင်းစိုက်ပျိုးကြသည်။ မုန်ညင်းစိုက်ပျိုးရာတွင် မြေသားကောင်းမွန်မှု၊ ရေစီးဆင်းမှုကောင်း မွန်ခြင်းနှင့်စိုက်ပျိုးချိန်မှန်ကန်ခြင်းတို့သည်အထွက်နှုန်းကောင်းမွန်စေရေးအတွက်အရေးကြီးသည်။
ကယားပြည်နယ်တွင် မုန်ညင်းစိုက်ပျိုး ဧရိယာမှာ ၂၀၂၆ ခုနှစ်တွင် ၄၅၀ ခန့်ရှိပြီး ဒေသခံ တောင်သူများအတွက် ရာသီအလိုက်ဝင်ငွေရရှိစေသည့် သီးနှံတစ်မျိုးအဖြစ်စိုက်ပျိုးထုတ် လုပ်လျက် ရှိကြောင်းသိရသည်။ မုန်ညင်းစိုက်ပျိုးရာတွင် မြေဆီသြဇာကောင်းမွန်ပြီးရေစီးရေ လာကောင်းမွန် သည့်မြေကိုရွေး ချယ်စိုက်ပျိုး၍ စိုက်ပျိုးမည့်မြေကိုကြိုတင်ပြုပြင်ပေးရသည်။ မုန်ညင်းစိမ်း(ခေါ်) မုန်ညင်းဖူး(ဝါ)ကို စိုက်ပျိုးပြီးရက်ပေါင်း ၂၅ ရက်မှ ၃၀ ရက်ခန့် အကြာတွင်စတင်ခူး ဆွတ်နိုင်ပြီး လတ်လတ်ဆတ် ဆတ်ခူးဆွတ်၍စျေးကွက်အတွင်းသို့စတင်ရောင်းချနိုင်သည်။ ကယားပြည်နယ်ရှိ ဒေသခံတောင်သူများအနေဖြင့် မုန်ညင်းကိုကိုယ်တိုင်စားသုံးရန်စိုက်ပျိုးသည့်အပြင် စီးပွားဖြစ်လည်း စိုက်ပျိုးကြသည်။
မုန်ညင်းကို လွိုင်ကော်မြို့ မိုင်လုံးရပ်ကွက်၊ မုံပြာကျေးရွာနှင့် မိုက်ကန်းကျေးရွာ၊ လောပိတ မြို့အနီးရှိကျေးရွာများနှင့် ဒီးမော့ဆိုအရှေ့ဘက်တွင်စိုက်ပျိုးကြကြောင်းသိရသည်။ လွိုင်ကော်မြို့ သီရိမင်္ဂလာဈေး၌မုန်ညင်းတစ်စည်းလျှင် ၃၀၀ ကျပ်မှ ၅၀၀ ကျပ်ခန့်ရောင်းချနေကြောင်း၊ မုန်ညင်း စျေးနှုန်းမှာ ထွက်ရှိမှုပမာဏနှင့် ဈေးကွက်ဝယ်လိုအားပေါ်မူတည်၍ ပြောင်းလဲနိုင်သည်။ ကယား ပြည်နယ်တွင် မုန်ညင်းကိုယေဘုယျအားဖြင့် အောက်တိုဘာလမှ နိုဝင်ဘာလအ တွင်းစိုက်ပျိုးကြပြီး ဒီဇင်ဘာလမှ ဇန်နဝါရီလအတွင်း စတင်ခူးဆွတ်နိုင်ပြီး စိုက်မျိုးနှင့်ရာသီဥတု ပေါ်မူတည်၍ ဖေဖော်ဝါရီလအထိ ဆက်လက်ခူးဆွတ်နိုင်ပါသည်။
ကယားပြည်နယ်အတွင်း မုန်ညင်းစိုက်ပျိုးမှုတိုးတက်လာခြင်းသည် ဒေသခံတောင်သူများအ တွက်စားဝတ်နေရေးလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်သည့်အပြင် စိုက်ပျိုးရေးလုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးအတွက်လည်းအထောက်အကူဖြစ်စေနိုင်သည်။ ဒါကြောင့် ကယားပြည်နယ်အတွင်း မုန်ညင်းစိုက်ပျိုးမှုသည် ဒေသခံတောင်သူများအတွက် စားသုံးရန်သာမက ဝင်ငွေရရှိစေသည့်သီးနှံ တစ်မျိုးအဖြစ်လည်းအရေးပါလျက်ရှိသည်။
DOCA(ကယား)
