
ရှမ်းပြည်နယ်(တောင်ပိုင်း)၊တောင်ကြီးမြို့ဈေးကွက်တွင် မိုးရာသီနှင့်ဆောင်းဉီးကာလအတွင်း ထွက်ရှိသည့် ဒေသထွက်ရာသီပေါ် သီးနှံများအနက် နဂါးမောက်သီးများလည်း ဒေသတွင်းဈေးကွက်များသို့ ဝင်ရောက်ရောင်းချမှုများရှိလာကြောင်းသိရသည်။
နဂါးမောက်သီးသည် ဒေသအလိုက် စိုက်ပျိုးထွက်ရှိသည့် အသီးတစ်မျိုးဖြစ်ပြီး အဖြူသီးနှင့် အနီသီးဟူ၍ နှစ်မျိုးရှိပြီး အသီးမှည့်ချိန်တွင် အရသာချိုချဉ်နှင့် အနံ့အရသာထူးခြားမှုရှိသဖြင့် ဒေသခံ များအကြား စားသုံးမှုများသည့် ရာသီပေါ်အသီးတစ်မျိုးဖြစ်သည်။
ယခုကာလတွင် နဂါးမောက်သီးများကို ဒေသခံတောင်သူများက ခူးဆွတ်ပြီး မြို့ပေါ်ဈေးများ နှင့် လမ်းဘေးဈေးကွက်များတွင် ရောင်းချလျက်ရှိသည့်အပြင် အနီးဝန်းကျင်ရှိ ဒေသများသို့လည်း ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရသည်။
အသီး၏ အရည်အသွေး၊ အရွယ်အစား၊ ရာသီအခြေအနေနှင့် ဈေးကွက်ဝယ်လိုအားတို့အပေါ် မူတည်၍ နဂါးမောက်သီး၏ ဈေးနှုန်းများမှာ တစ်လုံးလျှင် ၂၅၀၀၊ ၃၀၀၀၊ ၄၀၀ဝိ/- ကျပ် ဝန်းကျင် ရောင်းချကြောင်းသိရသည်။
တောင်သူများအနေဖြင့် ရာသီပေါ်အသီးများကို အရည်အသွေးကောင်းမွန်စွာ ထုတ်လုပ်နိုင် ရေး၊ သန့်ရှင်းစွာ ထုပ်ပိုးရောင်းချနိုင်ရေးနှင့် ဈေးကွက်ချိတ်ဆက်မှု ကောင်းမွန်ရေးတို့ကို ဆောင်ရွက်နိုင်ပါက ဒေသထွက်သီးနှံများ၏ ဈေးကွက်တန်ဖိုးပိုမိုမြင့် တက်လာနိုင်မည်ဖြစ်ကြောင်း သုံးသပ်မိပါသည်။
DOCA(ရှမ်း)
