
မိတ္ထီလာခရိုင်အတွင်း ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် နှမ်းကို မိတ္ထီလာ၊မလှိုင်၊သာစည် ၊ဝမ်းတွင်း မြို့နယ်များတွင်စိုက်ပျိုးကြပြီး မိတ္ထီလာခရိုင်၌ ၂၀၂၆-၂၀၂၇ ခုနှစ်၊ မိုးနှမ်းစိုက်ဧက (၃၂၆၇၈၅ )ဧကရှိ ကြောင်း စိုက်ပျိုးရေးဦီးစီးဌာနစာရင်းအရသိရပါသည်။ မိုးနှမ်းကို မေလတွင်စိုက်ပျိုးပြီး ဇူလိုင်လစတင် ထွက်ရှိပြီး ယခုနှစ် တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊မြေပြုပြင်ခြင်း၊ သွင်းအား၊လုပ်သားခ စုစုပေါင်း (၆)သိန်းခန့်ကုန်ကျကြောင်း၊ တစ်ဧက အထွက်နှုန်းအနေဖြင့် (၈)တင်းမှ(၁၀)တင်းထိထွက်ရှိကြောင်း သိရှိရပါသည်။
မိတ္ထီလာဈေးကွက်အတွင်း မြို့ပေါ်ပွဲရုံများ၌ တစ်ပတ်လျှင် အိတ်(၅၀၀-၈၀၀)ခန့် ဝင်ရောက်လျက် ရှိပြီးအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ယခုရာသီပေါ်ချိန်တွင် ဒေသတွင်း ဆီကြိတ် စက်များ အပြင် မန္တလေးသို့တင်ပို့ရောင်းချရကြောင်း သိရပါသည်။
ယခုစက်တင်ဘာလတတိယပတ်တွင်၊ နှမ်းညိုတစ်တင်းလျှင် (၁၅၀၀၀၀) ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၁၅၂၀၀၀)ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ယခင်လနှင့် ကာလ တူနှိုင်းယှဉ် လျှင် နှမ်းညိုတစ်တင်းလျှင် (၂၀၀၀၀)ကျပ်၊ နှမ်းဖြူတစ်တင်းလျှင်(၂၁၀၀၀) ကျပ်ခန့် ဈေးနှုန်းမြင့်တက် လာကြောင်း၊ ဈေးနှုန်းမြင့်တက်လာရခြင်းမှာ ကုန်ချောရောင်းအားကောင်း၍ ကုန်ကြမ်းအဝယ်လိုက် လာခြင်း၊ ပြည်ပဝယ်လတ်များ ဝယ်လိုအားရှိလာခြင်းကြောင့်ဖြစ်သည် ဟုဒေသတွင်းသီးနှံပွဲရုံများမှ သိရှိရပါသည်။
DOCA(မန္တလေး)
