Main menu

မိတ္ထီလာဈေးကွက်တွင် ကုလားပဲဈေးအနည်းငယ်မြင့်တက်လျက်ရှိ

Powered by Drupal

        မိတ္ထီလာခရိုင်တွင် ပဲမျိုးစုံသီးနှံများအနက် ပြည်တွင်း၊ ပြည်ပဝယ်လိုအားရှိသည့် ကုလားပဲကို  စိုက်ပျိုးကြရာ ၂၀၂၅-၂၀၂၆ ခုနှစ်၊ ကုလားပဲစိုက်ဧက  (  ၄၇၂၅၉)ဧကရှိကြောင်းကြေးတိုင် နှင့်မြေစာရင်း ဦီးစီးဌာန စာရင်းအရသိရှိရပြီး မြို့နယ်(၄)မြို့နယ်အနက် မိတ္ထီလာမြို့နယ်မှ အများဆုံးစိုက်ပျို ကြောင်း သိရပါသည်။

      မိတ္ထီလာမြို့ ပဲမျိုးစုံဈေးကွက်တွင် မိတ္ထီလာမြို့နယ်တွင်းရှိ မြင်းတဲ၊ သဖန်းပင်ရိုး၊ မြေတိုင်ကုန်း၊ အလယ်ရွာ၊ ရေဝေစသည့် ကျေးရွာများ နှင့်သာစည်၊ မလှိုင်မြို့နယ်များမှထွက်ရှိပြီး မိတ္ထီလာဈေးကွက် အတွင်းဝင်ရောက်လျက်ရှိကြောင်း ရာသီချိန်တွင် ဒေသတွင်းပဲခွဲစက်များအပြင် မန္တလေးသို့တင်ပို့ ရောင်း ချကြကြောင်းသိရပါသည်။

          ယခု စက်တင်ဘာလတတိယပတ်တွင် ဈေးကွက်အတွင်း ကုလားပဲv2တစ်တင်းလျှင် (၈၀၀၀၀) ကျပ်၊ 929တစ်တင်းလျှင်(၇၈၀၀၀) ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်လနှင့် ကာလတူ နှိုင်းယှဉ်လျှင် ကုလားပဲv2တစ်တင်းလျှင် (၃၀၀၀)ကျပ်၊ 929တစ်တင်းလျှင်(၂၀၀၀) ကျပ်ခန့်ဈေးနှုန်း မြင့်တက်လာကြောင်း၊ ဈေးနှုန်းမြင့်တက်လာရခြင်းမှာ ဈေးကွက်အတွင်း ဒေသတွင်းပဲခွဲစက်များမှ အဝယ်လိုက်လာခြင်း၊ ဈေးကွက်လက်ကျန်နည်းလာခြင်းကြောင့်ဖြစ် သည်ဟု ပဲမျိုးစုံပွဲရုံများမှသိရပါ သည်။

 DOCA(မန္တလေး)