
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ(၁၁) ရက်နေ့တွင် ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီ ဝင်ရောက် ရာဒေသများဖြစ်သည့် ဆိပ်ဖြူ၊ မြင်းခြံ၊ မုံရွာဒေသတို့မှ ကြက်သွန်နီ (၇၇၄၀၀၀) ပိဿာဝင် ရောက်ခဲ့ပြီး (၆၀) ရာခိုင်နှုန်းခန့် ပြန်လည်စီးထွက်မှုရှိကြောင်း သိရှိရပါသည်။ ထို့ကြောင့် ကြက်သွန်နီ လက်ကျန်မှာ (၃၀၉၆၀၀) ကျန်ရှိကြောင်း ကုန်စည်ဒိုင်သတင်းအရ သိရှိရသည်။ ဆိပ်ဖြူ ကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၄၅၀၀၊ အသန့်မှာတစ်ပိဿာ ကျပ် ၅၇၀၀၊ အကြီးမှာ ကျပ် ၅၉၀၀၊ ရှယ်မှာ ကျပ် ၆၂၀၀၊ မုံရွာ ကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၄၇၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၅၇၀၀၊ အကြီးမှာ ကျပ် ၆၀၀၀၊ ရှယ်မှာ ကျပ် ၆၃၀၀၊ မြင်းခြံ ကြက်သွန်နီ(အသစ်) အချော တစ်ပိဿာ ကျပ် ၄၉၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၅၈၀၀၊ ရှယ်မှာ ကျပ် ၆၄၀၀၊ ပျော်ဘွယ် ကြက်သွန်နီ(အသစ်) အချော တစ်ပိဿာ ကျပ် ၄၄၀၀၊ အသန့်မှာတစ်ပိဿာ ကျပ် ၅၅၀၀၊ အကြီးမှာ ကျပ် ၅၈၀၀၊ ရှယ်မှာ ကျပ် ၆၁၀၀ ဈေးတို့ အသီးသီးရှိကြောင်း စုံစမ်းသိရှိရပါသည်။
ယခုတစ်ပတ်တွင် ဆိပ်ဖြူနှင့် မုံရွာကြက်သွန်နီဈေးနှုန်းမှာ ယခင်အပတ်ကထက် ဈေးအနည်း ငယ်ကျဆင်းလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)
