စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် (၂၃-၁-၂၀၂၄) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် လက်ပံတန်းမြို့၊ မြို့မဈေးအပြင်တန်းဘက် စန္ဒာမြိုင်ဆေးဆိုင်ရှိ ဆေးပစ္စည်းများ၌ ကုန်အညွှန်းအမှတ်အသားများပြည်စုံစွာဖော်ပြခြင်းရှိ/မရှိကို မြို့နယ်တာဝန်ခံ ဦးချစ်ကိုကိုနှင့် ဝန်ထမ်းများက ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။ စစ်ဆေးရာတွင် စားသုံးသူများအနေဖြင့် တိကျမှန်ကန်ရှင်းလင်းသော သတင်းအချက်များသိရှိစေရန်၊ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် စိတ်ကျေနပ်မှုရရှိစေရန်တို့အတွက် အာမခံချက်ပေးနိုင်သည့် အရည်အသွေးမြင့်မားသော ကုန်စည်နှင့် ဝန်ဆောင်မှုများဖော်ဆောင်ဖြည့်ဆည်းပေးနိုင်စေရေး စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေကိုသိရှိလိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ၎င်းအပြင် ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားများကို သတ်မှတ်ချက်များနှင့်အညီ ပြည့်စုံစွာဖော်ပြခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီးနောက် စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)