ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့်ဝန်ထမ်းများသည် မအူပင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ (၁-၂-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မအူပင်မြို့နယ်၊ ခုနစ်အိမ်တန်းကျေးရွာ (အ-ထ-က) သို့သွားရောက်၍ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းဆောင်ရွက်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲအခမ်းအနားတွင် မအူပင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနအနေဖြင့် သိမှတ်ဖွယ်ရာဗဟုသုတအဖြာဖြာနှင့် လူငယ်နှင့်ပညာရေးအကြောင်းကိုလည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် ကျန်းမာရေးနှင့်အားကစားအကျိုးကျေးဇူးများအကြောင်းကိုလည်းကောင်း၊ တိုင်းရင်းဆေးပညာဌာနအနေဖြင့် တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးအသိပညာပေးခြင်းအကြောင်းကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးအောင်ဇော်ဦးက စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) ပြဋ္ဌာန်းချက်ပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်(၈)ချက်၊ အခန်း (၁၈)၊ ပုဒ်မ(၄၁)အရ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြခြင်းနှင့်ပတ်သက်၍ စားသုံးသူများအနေဖြင့် ကုန်စည်များဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိမှုအား အလေးထားသတိပြုသင့်ကြောင်းနှင့် စားသုံးသူများနစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် နည်းလမ်းများကို အသိပညာပေးဟောပြောခဲ့သည်။ ၎င်းနောက် ကျန်းမာရေးဦးစီးဌာနမှ ကျောင်းသား/သူများကို ကျန်းမာရေးစောင့်ရှောက်မှုစစ်ဆေးပေးခဲ့ပြီး ကျောင်းသား/သူများက သိရှိလိုသည်များကိုမေးမြန်းကြရာ တာဝန်ရှိသူများအနေဖြင့် ပြန်လည်ဖြေကြားပေးခဲ့ပါသည်။ အသိပညာပေးဟောပြောပွဲသို့ ကျောင်းသား/သူ (၁၈၀)ဦးခန့်တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(ဧရာဝတီ)