မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ၏ ဘဝဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ပွင့်ဖြူမြို့နယ်၊ တောင်သူအကျိုးပြုအသင်းအဖွဲ့၏ ကြီးမှုကျင်းပသော သီးနှံမျိုးစုံတောင်သူစုပေါင်းရောင်းချပွဲများကျင်းပပြုလုပ်နိုင်ရေး အကြိုဆွေးနွေးပွဲကို ပွင့်ဖြူမြို့နယ်၊ လက်ပနွယ်ကျေးရွာ၊ ရွာလယ်ဓမ္မာရုံတွင် (၅-၂-၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ပွင့်ဖြူမြို့ နယ်ကျေးရွာအသီးသီးမှ တောင်သူများပါဝင်သော အကြိုဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ကြပါသည်။
ရှေးဦးစွာ တောင်သူအကျိုးပြုအသင်းဥက္ကဋ္ဌ ဦးမြင့်အောင်က အသင်း၏ ရှေးဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများအကြောင်း၊ သီးနှံစုပေါင်းရောင်းချပွဲအတွက် လိုအပ်သော ဒေတာများ၊ စုပေါင်းရောင်းချပွဲပြုလုပ်ရာမှရရှိလာသော ရလဒ်ကောင်းများ၊ သွင်းအားစုများစုပေါင်းဝယ်ယူမည့် အစီအစဉ်များ၊ စိုက်ပျိုးရေးနည်းပညာများ၊ မျိုးစေ့လိုအပ်ချက်များ၊ မြေဆီလွှာနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနည်းစနစ်များအကြောင်းနှင့် မြင့်မြတ်တော်ဝင်ကုမ္ပဏီမှ တာဝန်ရှိသူများက သီးနှံများအား A,B,C အဆင့်(၃)ဆင့်အပြင် Other အဆင့်ပါ ဝယ်ယူပေးမည့်အကြောင်း၊ ဝယ်ယူမည့်ကတ္တားအနေအထား၊ အချင်အတွယ်နှင့် အိတ်ခွံအလေးချိန် စသည့်အချက်များပါဝင်သော ဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြပြီးနောက် မြို့နယ်တာဝန်ခံ၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဌေးဌေးဝင်းက ဘေးကင်းလုံခြုံသော သီးနှံများဖြစ်ပေါ်လာစေရေးနှင့် ဈေးနှုန်း၊ ဈေးကွက်အနေအထားများအပြင် စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း၊ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သော နည်းလမ်းများအကြောင်းကို ဆွေးနွေးဟောပြာခဲ့ပါသည်။
အဆိုပါဆွေးနွေးဟောပြောပွဲတွင် တောင်သူ(၅၀)ဦးနှင့် မြင့်မြတ်တော်ဝင်ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းများတက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။
DOCA(မကွေး)