စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တာဝန်ခံသည် (၅-၂-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပွင့်ဖြူမြို့နယ်၊ လယ်ကိုင်းကျေးရွာအုပ်စု၊ လှည်းကြီးကျေးရွာရှိ လှည်းကြီးအခြေခံပညာမူလတန်းကျောင်းသို့သွားရောက်၍ ကျောင်းသား/ကျောင်းသူများအား အသိပညာပေးဆွေးနွေးခဲ့ပါသည်။
အဆိုပါ ဆွေးနွေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်နူအေးခိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်ဌေးဌေးဝင်းက စားသုံးသူကာကွယ်ရေးနှင့် စားသုံးသူ၏အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ဌာန၏သမိုင်းအကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းခဲ့သည့်ခုနှစ်နှင့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ဖြစ်ပေါ်လာပုံ၊ စားသုံးသူများ၏ အခွင့်အရေးနှင့်တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိသော စားသောက်ကုန်များကိုသာ ဝယ်ယူစားသုံးကြစေလိုကြောင်း၊ အခါအားလျော်စွာ စားသောက်ရန်မသင့်ဟုသတ်မှတ်ထားသော စားသောက်ကုန်များနှင့် သက်တမ်းလွန်နေသောစားသောက်ကုန်များ၊ ကျန်းမာရေးဆိုးကျိုးဖြစ်စေသော ခွင့်မပြုဓာတုဆိုးဆေးပါဝင်သော စားသောက်ကုန်များကို ဝယ်ယူစားသောက်ခြင်းမပြုကြရန်လိုအပ်ကြောင်း ဆွေးနွေးဟောပြောခဲ့ပါသည်။
ဆွေးနွေးဟောပြောပွဲသို့ ကျောင်းသာ/၊ ကျောင်းသူ(၂၅၀)ဦးနှင့် ဆရာ/ ဆရာမ(၅)ဦးတက်ရောက်ခဲ့ကြပြီး မြို့နယ်တာဝန်ခံက စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(မကွေး)