ကံမမြို့နယ်၊ ပဇင်းနိမ့်ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ စားသုံးသူအသိပညာပေးဟောပြောပွဲဆောင်ရွက်

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် (၅-၂-၂၀၂၃)ရက်နေ့၊ နေ့လယ်(၁၄:၀၀) နာရီအချိန်တွင် သရက်ခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်းများနှင့် ကံမမြို့နယ်တာဝန်ခံ၊ ဒုတိယဦးစီးမှူး ဒေါ်နွဲ့ယဉ်ဝင်းသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်ပူးပေါင်း၍ သရက်ခရိုင်၊ ကံမမြို့၊ ပဇင်းနိမ့်ကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ)သို့သွားရောက်ကာ ကျောင်းသား/ ကျောင်းသူများအား စားသုံးသူအသိပညာပေးဟောပြောခြင်းများဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ဟောပြောရာတွင် ကံမမြို့နယ်တာဝန်ခံ ဒေါ်နွဲ့ယဉ်ဝင်းက ဌာန၏ဥပဒေဖြစ်ပေါ်လာပုံ၊ ဥပဒေအကြောင်းအရာများ၊ စားသုံးသူအခွင့်အရေး(၈)ချက်တွင် အခြေခံလိုအပ်ချက်အပေါ်  စိတ်ကျေနပ်မှုရရှိစေခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုခွင့်ရှိခြင်း၊သတင်းအချက်အလက်ပြည့်စုံမှန်ကန်စွာသိရှိခွင့်နှင့် ပြေစာအထောက်အထားရယူခွင့်ရှိခြင်း၊ စိတ်ကြိုက်ရွေးချယ်ဝယ်ယူခွင့်ရှိခြင်း၊ နစ်နာဆုံးရှုံးသည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခွင့်နှင့်တိုင်ကြားခွင့်ရရှိခြင်း၊ နစ်နာဆုံးရှုံးသည့်ကိစ္စရပ်များနှင့်ပတ်သက်၍ ကုစားခွင့်ရရှိခြင်း၊ အသိပညာဗဟုသုတများ၊ အခွင့်အရေးများနှင့် လိုအပ်သောအချက်အလက်များကို သိရှိလေ့လာနိုင်ခွင့်ရှိခြင်း၊ ပစ္စုပ္ပန်တွင်သာမက အနာဂတ်မျိုးဆက်များအတွက်ပါ ကောင်းမွန်သာယာသော လူနေမှုအဆင့်အတန်းနှင့် ပတ်ဝန်းကျင်တွင် နေထိုင်နိုင်ခွင့်ရရှိစေခြင်းနှင့်လိုက်နာရမည့်တာဝန်များကို အသေးစိတ်ရှင်းလင်းပြောကြားခြင်း၊ ဆက်လက်၍ ဒုတိယကြီးကြပ်ရေးမှူး ဦးကျော်ရွှေကလည်း  ကုန်ပစ္စည်းဝယ်ယူအသုံးပြုရာတွင် အဓိကပါဝင်ရမည့်အချက်များဖြစ်သော ကုန်စည်၏အမျိုးအမည်၊ (အရွယ်အစား၊အရေအတွက်နှင့် အသားတင်ပမာဏ)၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်၊ ကြိုတင်သတိပေးချက် စသည့်အချက်(၇)ချက်ကို မဖြစ်မနေဖတ်ရှုရမည်ဖြစ်ကြောင်း၊ ထုတ်လုပ်ရက်စွဲနှင့် သက်တမ်းလွန်ရက်စွဲများကို သေချာစွာကြည့်ရှုဝယ်ယူသုံးစွဲကြရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈) ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် မြန်မာဘာသာဖြင့်ဖော်ပြပါရှိသော ကုန်စည်များကိုသာဝယ်ယူသုံးစွဲကြရန်လိုအပ်ကြောင်း အသိပညာပေး‌ဟောပြောခြင်း၊ ၎င်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နှင်းယုအေးက လူငယ့ရေးရာအကြောင်း ဟောပြောခြင်းများဆောင်ရွက်ခဲ့ပြီး အဆိုပါဟောပြောပွဲသို့ ဆရာ/ ဆရာမ(၆)ဦး၊ ကျောင်းသား/ ကျောင်းသူ(၁၀၇)ဦးနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးးစီးဌာနမှ ဝန်ထမ်း (၂) ဦးလည်းတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)