စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် သရက်ခရိုင်၊ ကံမမြို့နယ်တာဝန်ခံ ဒေါ်နွဲ့ယဉ်ဝင်း (ဒုတိယဦးစီးမှူး) သည် (၈-၂-၂၀၂၄)ရက်နေ့၊ နေ့လယ် (၁၃း၀၀)နာရီအချိန်တွင် ကံမမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ အသိပညာပေး (Talk Show) ဟောပြောပွဲပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် ကံမမြို့နယ်တာဝန်ခံက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ စားသုံးသူရေးရာဦးစီးဌာနမှာ စားသုံးသူများ၏ အခွင့်အရေးများကိုအပြည့်အဝရရှိစေရန်နှင့် အကျိုးစီးပွားများကို အကာအကွယ်ပေးနေသော ဌာနကြီးတစ်ခုဖြစ်ပါကြောင်း၊ စားသုံးသူတို့တွင် စားသုံးသူအခွင့်အရေးများရှိပြီး မိမိတို့အနေဖြင့် ကုန်စည်/ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ မိမိတို့၏ရုပ်ပိုင်းဆိုင်ရာကိုဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာကိုဖြစ်စေ၊ ဂုဏ်သိက္ခာကိုဖြစ်စေ၊ နာမည်ဂုဏ်သတင်းကိုဖြစ်စေ၊ ပိုင်ဆိုင်မှုတစ်ရပ်ရပ်ကိုဖြစ်စေ၊ ဥပဒေနှင့်မညီသော ထိခိုက်နစ်နာမှုများဖြစ်ပေါ်လာလျှင်ဖြစ်စေ၊ စားသုံးသူအခွင့်အရေးများအနက် အချက်တစ်ချက်ချက်ကို ချိုးဖောက်ခံရလျှင်ဖြစ်စေ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများဖြစ်ပေါ် လာပါက တိုင်ကြားနိုင်သည့်နည်းလမ်း(၈)ခုရှိကြောင်း၊ ၎င်းတို့မှာ (၁) ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးရုံးမျာသို့ လူကိုယ်တိုင် (သို့) စာဖြင့်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ၊ (၂) စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (Consumer Information and Complaint Center CICC) များသို့ လူကိုယ်တိုင် (သို့) စာဖြင့်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ၊ (၃) စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော w. w. w. doca. gov. mm သို့လည်းကောင်း၊ (၄) စားသုံးသူရေးရာဦးစီးဌာန၏ DOCA Myanmar Mobile Application ကို Google Playstore မှ download ရယူပြီး ဆက်သွယ်တိုင်ကြားနိုင်ခြင်း၊ (၅) စားသုံးသူရေးရာဦးစီးဌာန၏ consumer websitedoca @ gmail. com, ciccnpt @ gmail. com သို့လည်းဆက်သွယ်တိုင်ကြားနိုင်ခြင်း၊ (၆) စားသုံးသူရေးရာဦးစီးဌာန၏ Consumer Call Center No.(1535) သို့လည်းကောင်း၊ (၇) စားသုံးသူရေးရာဦးစီးဌာန၏ Facebook Page နှင့် CICC Nay Pyi Taw Facebook Page တို့သို့လည်းကောင်း၊ (၈) စားသုံးသူသမဂ္ဂအဖွဲ့ကဲ့သို့သော စားသုံးသူကာကွယ်ရေးဆိုင်ရာအသင်းအဖွဲ့များမှတစ်ဆင့်လည်း ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသေးစိတ်အသိပညာပေးရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။
DOCA(မကွေး)