ဆိပ်ဖြူမြို့နယ်၊ အခြေခံပညာမူလတန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာဟောပြောပွဲပြုလုပ်

Powered by Drupal

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊  မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ပခုက္ကူခရိုင်ဦးစီးမှူးတို့၏လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဦးဇော်နေလင်းနှင့်ဝန်ထမ်းများသည် မြို့နယ်ကြက်ခြေနီအသင်းအဖွဲ့နှင့်ပူးပေါင်း၍ (၂-၂-၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ဆိပ်ဖြူမြို့နယ်၊ ရေလယ်ကျွန်းကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ဆရာ/ ဆရာမ (၁၀)ဦး၊ ကျောင်းသား/ ကျောင်းသူ (၁၁၂)ဦး၊ စုစုပေါင်း(၁၂၂)ဦးတက်ရာက်ခဲ့ပါသည်။

     အဆိုပါအသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဦးဇော်နေလင်းက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူများ၏အခွင့်အရေးများ၊ စားသုံးသူများလိုက်နာရမည့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ တားမြစ်ချက်များနှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)၊ ပုဒ်မ(၄၁)ပါ ကုန်အညွှန်းအမှတ်အသားများနှင့်စပ်လျဉ်းသည့်အချက်များ၊ စားသုံးသူရေးရာနှင့် ကုန်သွယ်မှုသတင်းများနှင့် ဥပဒေအကြောင်းအရာများကို DOCA Website တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

     ဆက်လက်၍ ဒုတိယဦးစီးမှူး ဒေါ်တင်မာရီက ဓာတုဆိုးဆေးနှင့် ဆိုးဆေးအန္တရာယ်အကြောင်းနှင့် ကုန်စည် (သို့) ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုရာတွင် နစ်နာဆုံးရှုံးမှုများကြုံတွေ့ရပါက တိုင်းဒေသကြီး/ ပြည်နယ်ခရိုင်များရှိ "စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ" (CICC) သို့ လူကိုယ်တိုင်လာရောက်၍သော်လည်းကောင်း၊ ဖုန်းခေါ် ဆို၍သော်လည်းကောင်း တိုင်ကြားနိုင်ကြောင်း၊ Consumer Call Center No.(1535)ကို ဖုန်းခေါ်ဆို၍လည်းတိုင်ကြားနိုင်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်ကြက်ခြေနီအဖွဲ့ဝင် ဦးမောင်မောင်ဝင်းက ကြက်ခြေနီအသင်းပေါ်ပေါက်လာပုံနှင့် လုပ်ငန်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြပြီး မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများက ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)