“ တွံတေးမြို့နယ်၌ ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ”

Powered by Drupal

     ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးလက်အောက်ရှိ တွံတေးမြို့နယ်၊ ကျေးရွာ၊ ရပ်ကွက်များတွင် ရောင်းချလျက်ရှိသော ဆေးနှင့်စတိုးအရောင်းဆိုင်များသို့ ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ (၇) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် လုပ်ငန်းရှင်များနှင့်သွားရောက်တွေ့ဆုံ၍ ကုန်ညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်များ အား အသိပညာပေးကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့ပူးပေါင်းအဖွဲ့သည် တွံတေးမြို့နယ်၊ မင်းပိုင် ရပ်ကွက်နှင့် ရွှေစံတော်ရပ်ကွက်များရှိ စတိုးဆိုင်ကြီးများသို့သွားရောက်ခဲ့ပြီး ဈေးကွက်အတွင်းရောင်းချနေသော ကလေးအာဟာရဖြည့်စွက်စာများဖြုသည့် Gold Power ကုန်အညွှန်း အမှတ်တံဆိပ် ကလေးအာဟာရဖြည့်စွက်မှုန့်နှင့် Nestle Cerelac ဆန်၊ ပဲ၊ နို့ စသည့်ကလေးငယ်နှင့် နို့စို့ကလေးငယ်များအတွက် ဖော်စပ်သည့်အစာတို့တွင် ကုန်ညွှန်းအမှတ်အသားဖော်ပြချက်ပြည့်စုံစွာရေးသားဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိရကြောင်း၊ ဆိုင်ပိုင်ရှင်များအနေဖြင့် မိမိတို့၏ဆိုင်တွင် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိပြီး ဘေးအန္တရာယ်ကင်းရှင်းစေနိုင်သော ကုန်ပစ္စည်းများကိုသာဝယ်ယူဖြန့်ဖြူးရောင်းချစေလိုကြောင်း ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းမရှိသော၊ သက်တမ်းကုန်ဆုံးနေသာ သက်ဆိုင်ရာဌာနများမှတားမြစ်ထားသော ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးတို့ကို မိမိတို့၏ဈေးဆိုင်များတွင် ဖြန့်ဖြူးရောင်းချခြင်းများမပြုလုပ်ကြရန် လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးပြောကြားခဲ့ပြီး ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)