မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ ဆေးကုမ္ပဏီများအား ရှောင်တခင်ဝင်ရောက်စစ်ဆေးခြင်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးလှစိုးနှင့်ဝန်ထမ်းများ၊ အစားအသောက်နှင့်ဆေးဝါးကွက်ကဲရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့များပူးပေါင်း၍    (၈-၂-၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၃:၃၀) နာရီအချိန်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ Medilink Co., Ltd, Asia Health & Wealth Co., Ltd , Shwin Lann Co., Ltd စသည့်  ဆေးဝါးနှင့်ဆေးပစ္စည်းများရောင်းချနေသော ဆေးကုမ္ပဏီများသို့ ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

       အဆိုပါဆေးကုမ္ပဏီများသို့ ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ရာတွင် စားသုံးသူပြည်သူများအနေဖြင့် ဆေးနှင့်ဆေးပစ္စည်းများကိုဝယ်ယူသုံးဆွဲရာတွင်  ဆေးဝါးများပြတ်လပ်မှုမရှိစေရေးနှင့် ဆေးကုမ္ပဏီများအနေဖြင့် ဆေးဈေးနှုန်းများအဆမတန်မြှင့်တင်ရောင်းချခြင်းရှိ/မရှိ၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆေးဝါးများသိုလှောင်ထားခြင်းရှိ/မရှိ၊  ဈေးကွက်အတွင်းသို့ ကုန်ပစ္စည်းများ နေ့စဉ်ပုံမှန်ထုတ်ပေးခြင်း/ ဖြန့်ဝေပေးခြင်း၊ ဆေးလက်ကျန်များကိုစစ်ဆေးခြင်းနှင့် လုပ်ငန်းများဆက်လက်လုပ်ကိုင်ခြင်းရှိ/မရှိအခြေအနေတို့ကိုစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)