ထိုင်းနိုင်ငံ၌ ၂၀၂၄ ခုနှစ်တွင် ပထဝီဒေသဆိုင်ရာအညွှန်းကိန်း (GI) ထုတ်ကုန်များ ရောင်း ချခြင်းမှ ထိုင်းဘတ် ၆၀ ဘီလီယံအထိ ဝင်ငွေရရှိရန် ရည်ရွယ်လျက် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနသည် GI ထုတ်ကုန်အရေအတွက်စာရင်း၌ ကုန်စည် ၂၀ မျိုး ထပ်မံပေါ်ထွန်း လာရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း Bangkok Post သတင်း ဌာနက ဖော်ပြပါသည်။
ယခုနှစ်တွင် ဝန်ကြီးဌာနအနေဖြင့် ပထဝီဝင်ဒေသ သို့မဟုတ် ယဉ်ကျေးမှုဆိုင်ရာ ထူးကဲ အရေးပါမှုရှိသည့် သီးနှံများ၏ တန်ဖိုးမြင့်တက်လာစေရန်အတွက် နည်းလမ်းတစ်ခုအဖြစ် ထုတ် ကုန်ဆိုင်ရာ GI ကဏ္ဍကို မြှင့်တင်ခြင်းဖြင့် စိုက်ပျိုးရေးကဏ္ဍ၏ ယှဉ်ပြိုင်နိုင်စွမ်းအားကို မြှင့်တင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့လုပ်ဆောင်မှုသည် ထိုင်းလယ်သမားများအတွက် အလုပ် အကိုင်ဖန်တီးရေးနှင့် ဝင်ငွေတိုးပွားရေးတို့ကို ဦးတည်ဆောင်ရွက်မှုဖြစ်ကြောင်း၊ GI မှတ်ပုံတင် ထားသည့်ထုတ်ကုန် ၁၉၈ မျိုးအပြင် ထပ်မံ၍ ကုန်စည် ၂၀ မျိုး တိုးတက်လာစေရန် စီစဉ်လျက် ရှိကြောင်း၊ အဆိုပါ အစီအစဉ်တွင် ကုန်ကြမ်းပစ္စည်းများနှင့် ကုန်ချောအထိ အသွင်ပြောင်းလဲ ထုတ်လုပ်နိုင်သည့်ပစ္စည်းများ နှစ်မျိုးလုံးအတွက် စိုက်ပျိုးရေးအခြေခံ ထုတ်ကုန်များ မြှင့်တင်နိုင် ရေးကို အလေးထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ယခင်နှစ်၌ GI ထုတ်ကုန် ရောင်းရငွေ ပမာဏသည် ထိုင်းဘတ် ၅၀ ဘီလီယံရှိပြီး ၂၀၂၄ ခုနှစ်တွင် ထိုင်းဘတ် ၆၀ ဘီလီယံထိ ရရှိရေး မျှော်မှန်းဆောင်ရွက်လျက်ရှိကြောင်းဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Mr. Napintorn Srisunpang ကပြောဆိုခဲ့ကြောင်း သိရပါသည်။
နောက်ဆုံးစာရင်းရေးသွင်းထားသည့် GI မှတ်ပုံတင်စာရင်းတွင် တက်ခ် (Tak) ခရိုင်၏ စတုတ္ထမြောက် GI ထုတ်ကုန်ဖြစ်သည့် တက်ခ်ထောပတ်သီး (Tak avocado)၊ တက်ခ်ဂရပ်နိုက် ငရုတ်ဆုံ (Tak granite mortar)၊ မဲဆောက်ပဲကြီးကြော် (Pae Jor Khaew Maesod bean) နှင့် ခွံစိမ်းငှက်ပျော (Homthong Phob Phra) တို့ ပါဝင်ကြောင်း ထိုင်းမူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြား ရေးမှူးချုပ် Mr. Vuttikrai Leewiraphan က ပြောကြားပါသည်။
ထိုင်းနိုင်ငံ၊ တက်ခ်ခရိုင်ရှိ တောင်တန်းဒေသများတွင် စိုက်ပျိုးထားသော ထောပတ်သီး သည် ပင်းမြစ်၊ ဝမ်မြစ်၊ မဲခေါင်မြစ်၊ သောင်ရင်းမြစ်၊ ဝမ်ချောင်တူးမြောင်းနှင့် မယ်လမော်ချောင်းတို့ အနီးပတ်ဝန်းကျင်အထိ အကျိုးကျေးဇူးရရှိစေကြောင်း၊ ၎င်းဒေသများတွင် သင့်လျော်သော ရေပေး ဝေစီးဆင်းမှု၊ ရေစုပ်ယူမှုနှင့် မရှိမဖြစ်လိုအပ်သော အာဟာရဓာတ်ပါဝင်မှုတို့ကို ပေးစွမ်းသည့် အပြင် မြေသြဇာကောင်းသော မြေနှင့်ပေါင်းစပ်ပြီး တစ်နှစ်ပတ်လုံး စိုက်ပျိုးရေရရှိစေရန် သေချာမှု ရှိကြောင်း၊ ထိုသို့ အပင်ရှင်သန်ကြီးထွားနိုင်သည့် အခြေအနေများကြောင့် တက်ခ်ထောပတ်သီး သည် ထူးခြားသောစေးကပ်သည့် အသွင်အပြင်၊ အရသာ ကြွယ်ဝပြီး မွှေးကြိုင်သောရနံ့များနှင့် ပြည့်စုံသော ထူးကဲသည့်ထုတ်ကုန်တစ်ခုအဖြစ် ခွဲခြားသတ်မှတ်နိုင်ကြောင်း Mr. Leewiraphan က ပြောကြားပါသည်။
ထိုင်းမူပိုင်ခွင့်ဦးစီးဌာနအနေဖြင့် GI မှတ်ပုံတင်ရရှိပြီးနောက် အရည်အသွေးထိန်းချုပ်မှု စနစ်များ ထူထောင်ရန်၊ စဉ်ဆက်မပြတ်စျေးကွက်ချဲ့ထွင်မှု လမ်းကြောင်းများကို ပံ့ပိုးပေးရန်နှင့် ထုတ်ကုန်များအတွက် တန်ဖိုးမြင့်ထုတ်ကုန်ဖန်တီးရန် စီစဉ်ပေးလျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက် ရာတွင် ထုတ်လုပ်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် သက်ဆိုင်ရာဒေသအလိုက် အဖွဲ့အစည်း များနှင့် တိုက်ရိုက်ပူးပေါင်းပြီး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ယခင်နှစ် ၌ ထုတ်ကုန်အရောင်းမြှင့်တင်မှုဆိုင်ရာ အထောက်အပံ့မရရှိခဲ့သော ပြည်နယ်တစ်ခုစီအတွက် ထုတ်ကုန်နှင့် ဧရိယာစိစစ်ရွေးချယ်ရေးကို အသေးစိတ်ကောက် ယူထားသည့် စစ်တမ်းအချက်အလက်များအပေါ် အခြေခံ၍ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ GI မှတ်ပုံတင်ရရှိရန် အလားအလာရှိသည့် ထုတ်ကုန်အသစ်များ မှတ်ပုံတင်ရရှိရန်အတွက် အကဲဖြတ်စစ်ဆေးမှုများကို ဆောင်ရွက် လျက်ရှိကြောင်း သိရှိရပါသည်။
Source: Bangkok Post, 12 Feb 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)