မော်လမြိုင်ဘူတာမှထွက်ခွာလာသည့် ရထားအမှတ်- ၈2 DN (အစုန်) တွင် တရားမဝင်ကုန်စည်များသယ်ဆောင်လာခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

    ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၏ သက်ဆိုင်ရာဧရိယာအတွင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများကိုအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် အသေးစိတ်စီမံချက်များရေးဆွဲဆောင်ရွက်လျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်အတွင်း၌လည်း ခရိုင်အဆင့်ဖွဲ့စည်းထားသဖြင့် သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ ကုန်သွယ်မှု/ ကုန်စည်စီးဆင်းမှုများအပေါ်  သတ်မှတ်ထားသည့်လုပ်ငန်းစဉ်များအတိုင်း အကောင်အထည်ဖော်လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။

    ထိုသို့ဆောင်ရွက်စဉ်အတွင်း  ခရိုင်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအဖွဲ့ဝင်များဖြစ်သော မြန်မာနိုင်ငံရဲတပ်ဖွဲ့မှတာဝန်ရှိသူများ၊ မီးရထားမှတာဝန်ရှိသူများ၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများ၊ ရန်ကုန်ဘူတာကြီးမှ လုံခြုံရေးတပ်ဖွဲ့ဝင်များပူးပေါင်း၍ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရန်ကုန်ဘူတာကြီးသို့ (၁၂-၂-၂၀၂၄) ရက်နေ့၊ နံနက် (၀၆:၀၀) နာရီအချိန်၊ မော်လမြိုင်ဘူတာမှထွက်ခွာလာသည့် ရထားအမှတ်- ၈၂ DN (အစုန်) သို့သွားရောက်စစ်ဆေးခဲ့ကြောင်း၊ အဆိုပါရထားမှာ ဘူတာကြီးသို့ ည(၆:၀၀) နာရီအချိန်တွင်ဆိုက်ကပ်ခဲ့ကြောင်း၊ ၎င်းနောက် ရထားတွင်ပါလာသည့် ကုန်တွဲများကို အဖွဲ့စုံရှေ့တွင် ဖွင့်ဖောက်စစ်ဆေးခဲ့ရာ  တရားမဝင်ကုန်ပစ္စည်းများကို သယ်ဆောင်လာခြင်းမရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)