မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့၊ မြို့မစျေး၌ ချောင်းဖြူ၊ မြင်းကင်း၊ နွားကူး၊ သန်းတောကုန်း၊ ဆားတိုင်ကန်၊ မကျီးကန်ကျေးရွာတို့မှ ပုစွန်ခြောက်နှင့် ငါးခြောက်များကို လာရောက်ရောင်းဝယ်ဖောက်ကားလျက်ရှိကြောင်းသိရှိရပါသည်။
၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ(ဒုတိယပတ်)တွင်ရောင်းချလျက်ရှိသော ရေထွက်ကုန်ပစ္စည်းစျေးနှုန်းများမှာ ပုစွန်ခြောက်ကြီး(၁)ပိဿာလျှင် ကျပ်(၈၀၀၀၀)၊ ငါးကျည်းခြောက်(၁)ပိဿာလျှင် ကျပ်(၈၀၀၀၀)၊ ငါးဖောင်ရိုးခြောက်(၁)ပိဿာလျှင် ကျပ်(၂၇၀၀၀-၂၈၀၀၀)၊ ငါးရံ့လုံး (၁)ပိဿာလျှင် ကျပ်(၄၀၀၀၀)၊ ငါးရံ့ခြောက် (၁)ပိဿာလျှင် ကျပ်(၅၅၀၀၀)၊ ငါးအုံးမဲ(၁)ပိဿာလျှင် ကျပ် (၁၄၀၀၀-၁၅၀၀၀)၊ ငါးတံခွန်(၁)ပိဿာလျှင် ကျပ်(၁၆၀၀၀-၁၈၀၀၀)၊ ငါးဖန့်ဝိုင်း(၁)ပိဿာလျှင် ကျပ်(၁၆၀၀၀-၁၈၀၀၀)ဈေးနှုန်းဖြင့်ရောင်းချလျက်ရှိကြောင်း၊ ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ယခုအပတ်တွင် ပုစွန်ခြောက်ကြီးတစ်ပိဿာလျှင် ကျပ်(၂၀၀၀)၊ ငါးကျည်းခြောက်တစ်ပိဿာလျှင် ကျပ်(၁၀၀၀)၊ ငါးဖောင်ရိုးခြောက်တစ်ပိဿာလျှင် ကျပ် (၁၀၀၀)၊ ငါးရံ့လုံးတစ်ပိဿာလျှင် ကျပ်(၂၀၀၀)၊ ငါးအုံးမဲတစ်ပိဿာလျှင် ကျပ်(၁၀၀၀)၊ ငါးတံခွန်တစ်ပိဿာလျှင် ကျပ်(၁၀၀၀)၊ ငါးဖန့်ဝိုင်းတစ်ပိဿာလျှင် ကျပ် (၁၀၀၀) စသည်ဖြင့် ဈေးနှုန်းသီးသီးမြင့်တက်ပြီး အကောင်အကြီး/အသေးပေါ်မူတည်၍ စျေးနှုန်းများလည်းကွာခြားလျက်ရှိကြောင်းသိရှိရပါသည်။
DOCA(မကွေး)