Main menu

မကွေးမြို့၊ မြို့မစျေးတွင် ပုစွန်ခြောက်၊ ငါးခြောက်စျေးနှုန်းများမြင့်တက်

Powered by Drupal

   မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့၊ မြို့မစျေး၌ ချောင်းဖြူ၊ မြင်းကင်း၊ နွားကူး၊ သန်းတောကုန်း၊ ဆားတိုင်ကန်၊ မကျီးကန်ကျေးရွာတို့မှ ပုစွန်ခြောက်နှင့် ငါးခြောက်များကို လာရောက်ရောင်းဝယ်ဖောက်ကားလျက်ရှိကြောင်းသိရှိရပါသည်။

      ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ(ဒုတိယပတ်)တွင်ရောင်းချလျက်ရှိသော ရေထွက်ကုန်ပစ္စည်းစျေးနှုန်းများမှာ ပုစွန်ခြောက်ကြီး(၁)ပိဿာလျှင် ကျပ်(၈၀၀၀၀)၊ ငါးကျည်းခြောက်(၁)ပိဿာလျှင် ကျပ်(၈၀၀၀၀)၊ ငါးဖောင်ရိုးခြောက်(၁)ပိဿာလျှင် ကျပ်(၂၇၀၀၀-၂၈၀၀၀)၊ ငါးရံ့လုံး (၁)ပိဿာလျှင် ကျပ်(၄၀၀၀၀)၊ ငါးရံ့ခြောက် (၁)ပိဿာလျှင် ကျပ်(၅၅၀၀၀)၊ ငါးအုံးမဲ(၁)ပိဿာလျှင် ကျပ် (၁၄၀၀၀-၁၅၀၀၀)၊ ငါးတံခွန်(၁)ပိဿာလျှင် ကျပ်(၁၆၀၀၀-၁၈၀၀၀)၊ ငါးဖန့်ဝိုင်း(၁)ပိဿာလျှင် ကျပ်(၁၆၀၀၀-၁၈၀၀၀)ဈေးနှုန်းဖြင့်ရောင်းချလျက်ရှိကြောင်း၊ ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ယခုအပတ်တွင် ပုစွန်ခြောက်ကြီးတစ်ပိဿာလျှင် ကျပ်(၂၀၀၀)၊ ငါးကျည်းခြောက်တစ်ပိဿာလျှင် ကျပ်(၁၀၀၀)၊ ငါးဖောင်ရိုးခြောက်တစ်ပိဿာလျှင် ကျပ် (၁၀၀၀)၊ ငါးရံ့လုံးတစ်ပိဿာလျှင် ကျပ်(၂၀၀၀)၊ ငါးအုံးမဲတစ်ပိဿာလျှင် ကျပ်(၁၀၀၀)၊ ငါးတံခွန်တစ်ပိဿာလျှင် ကျပ်(၁၀၀၀)၊ ငါးဖန့်ဝိုင်းတစ်ပိဿာလျှင် ကျပ် (၁၀၀၀) စသည်ဖြင့် ဈေးနှုန်းသီးသီးမြင့်တက်ပြီး အကောင်အကြီး/အသေးပေါ်မူတည်၍ စျေးနှုန်းများလည်းကွာခြားလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မကွေး)